ကျနော်လာခဲ့တာရိုးစင်းလွန်းနေလို့
ချစ်သူသံသယဖြစ်ခဲ့ရတဲ့အတွက် စိတ်မကောင်းပါဘူး
ဒါပေမယ့်ချစ်သူရယ်…ဖုန်းဆက်တိုင်းစွဲချက်တင်ခံနေရတဲ့ဘဝကိုလည်းစာနာ
ကြည့်စေချင်ပါတယ်။
ဒီကိစ္စကို အစကတည်းကဘာမှမသိခဲ့ရတဲ့အတွက် ဖြေရှင်းစရာစကားတွေ ကျနော်မှာမရှိသလို ဖြေလည်းမဖြေရှင်းချင်ပါဘူး။အတိတ်ကိုသယ်ဆောင်ထားတဲ့ ချစ်သူကို ကျနော့်ရင်မှာနေသားတကျ
ထားနိုင်အောင် ကြိုးစားနေတုန်းမှာပဲ ချစ်သူကငြီးငွေ့ပြီတဲ့လား။
သံသယတွေနဲ့ အမှားစောင့်ကြည့်နေတဲ့ရင်မှာ နေစဉ်ရက်ဆက် ကျနော်အသက်ရှုကြပ်နေရတယ်။ မဆန်းပြားတဲ့ကျနော့်ရင်ကလာတဲ့စကားတွေနဲ့ အပြုအမူ၊အပြောအဆိုတွေဟာ ချစ်သူအတွက်
ငြီးငွေ့တယ်ဆိုရင် အားနာစွာဆက်ပြီး လက်တွဲမနေပါနဲ့ ကျနော် အသဲကွဲဘူးပြီးသားပါ။
ချစ်သူပျော်မယ်ထင်ရင် အချိန်မရွေးထွက်သွားနိုင်ပါတယ်…
ရင်ထဲမှာကျနော်အတွက်နေရာမရှိဘူးဆိုရင်လည်းအစကတည်းကပြောပါလားဗျာ..
ပညာရှိနည်းတွေသုံးပြီး နှင်စရာမလိုပါဘူး…ကျနော်ကအလိုက်သိရမှာပေါ့။
…ကျနော့်ကိုမျှပေးခဲ့တဲ့ ချစ်သူ့ အချိန်တွေရယ်၊ချစ်သူ့ အပြုံးတွေရယ်၊ အယုအယတွေ
အားလုံးအတွက်တော့ ကျေးဇူးပါ…
ချစ်သူရယ်…
စိတ်များနေတဲ့ ချစ်သူကို ဆွဲဆောင်ထားနိုင်ဖို့တော့ ကျနော့်မှာ အရည်အချင်း မရှိသလို၊
သတ္တိလည်း မရှိဘူးဗျာ…ကျနော်ကချစ်သူကို စိတ်တခုတည်းနဲ့ စောင့်မျှော်နေခဲ့သလို
…ကျနော့်ချစ်သူကိုလည်းစိတ်တခုတည်းနဲ့ လာခဲ့တာမျိုးပဲဖြစ်စေချင်တယ်
…အတတ်နိုင်ဆုံးကျနော်ကချစ်သူအပေါ်မှာရိုးသားခဲ့သလို
ပြန်ပြီး ရောင်ပြန်ဟပ်ပေးနိုင်မယ့် ချစ်သူအတွက်ဆို ကျနော့်တံခါးက ခွင့်မတောင်းလည်း ဝင်ခွင့်ရမယ့် နေရာတခုပါ။
ဒါပေမယ့် ချစ်သူရယ် ကိုယ့်ကောင်းကင်မှာ မဖြာနိုင်တဲ့ လ ကိုတော့ ကျနော် ခါးခါးသီးသီး ငြင်းတတ်ပါရစေတော့။
ချစ်သူသိစေ…
ရေးသားသူ ငြိမ်သက် at 5:43 AM 0 ထွေရာလေးပါး
ဒီလူတွေကိုသွေးစစ်ချင်တယ် swine flu ရှိမရှိ သိချင်လို့ အဲဟုတ်ပေါင်
သွေးအမျိုးအစားသိချင်လို့ပါ....
ဆိုးသွမ်း
ဦးဂင်
အိမ်လွမ်းသူ
ကောင်းကင်ကို
မိုးသောက်
လင်းဒီပ
ဟန်လင်း
ည်ီမျိုး (ညောင်သွေးအား သွေးလှူဘဏ်မှလက်မခံပါ)
ဂျယ်ကြီး ဂျယ်လီတွေပဲလားမသိဘူး..ဟီး
ရေးသားသူ ငြိမ်သက် at 9:05 AM 1 ထွေရာလေးပါး
ကျောင်းသားအတ္ထိုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။
ရွှေဘုန်းလူ
(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)
ရေးသားသူ ငြိမ်သက် at 10:35 PM 0 ထွေရာလေးပါး
အမျိုးအစား ရွှေဘုန်းလူ
လူငယ်တစ်ယောက် ရဲ့ လမင်း
(၁)
မြူပြာတွေနဲ့ သာယာနေတဲ့ နံနက်ခင်းပါပဲ။
မြို့အ၀င်လမ်းလေးမှာ စကြာပန်းတွေလည်း ၀င်းဝင်းဝေေ၀ ပွင့်နေကြလေရဲ့။
လယ်ကွင်းတွေဆီက စီးမျောလာတဲ့ လေသုန်လေညင်းကလည်း ရိုးပြတ်ရနံ့သင်းနေတယ်။
မြို့သူမြို့သားတွေအားလုံး ဘုရားဝတ်ပြုလို့ပြီးခါစအချိန်ေ
ပါ့။ ချိုလွင်တဲ့ ခေါင်းလောင်းသံတွေက မြို့ကလေးရဲ့နံရံမှာ ဘောင်ဘင်ရိုက်ခတ်နေပါတယ်။
အဲဒီလိုအချိန်မှာ ဒီမြို့ကလေးကို ဖုန်မှုန့်တွေနဲ့ နီမှောင်နေတဲ့ လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။
(ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ) လမ်းတစ်လျှောက်လုံးမှာ အနောက်တောင်တန်းက တိုင်းရင်းသားတွေရဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးညည်းဆိုလာပါတယ်။
သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိရင်း မြို့သူမြို့သားတွေ မျက်မှောင်ကြုတ်သွားတယ်။ သေသေချာချာထပ်ကြည့်ပြီး ဘယ်သူဘယ်ဝါရယ်လို့ မှတ်မိလိုက်တဲ့အခါ သူတို့မျက်နှာတွေ သွေးဆုတ်ဖြူရော်သွားတယ်။
ကသုတ်ကရုတ်နဲ့ ခြေလှမ်းတွေ ယိုင်ထွက်ပြီး လူငယ်နဲ့ ဝေးရာကိုရှောင်ကြတယ်။
မကြာမီမှာပဲ 'ဒီမွန်းပြန်လာပြီ' ဆိုတဲ့ သတင်းဟာ တစ်မြို့လုံးကို ပျံ့နှံ့သွားပါတော့တယ်။
အဲဒီသတင်းကြောင့် မြို့လေးဟာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်။
ကန်းနေတဲ့မျက်လုံးကို စောင့်ရှောက်အုပ်မိုးပေးနေရတဲ့ မျက်ခုံးမွှေးကားကားကြီးလို စိတ်ပျက်လက်ပျက် ငိုက်တွဲကျသွားပါတယ်။
အဲဒီတစ်နေ့လုံးမှာ မြို့သူမြို့သားတွေဟာ တီးတိုးစကားကို အသံပြာအောင် ပြောဖြစ်ကြတယ်။
ညဘက်ရောက်တော့ အိမ်တံခါးတွေလုံအောင်ပိတ်ပြီး စောစောအိပ်ရာဝင်ကြတယ်။
သူတို့တွေဟာ အဲဒီလောက်အထိ ဒီမွန်းကို ရွံရှာကြောက်ရွံ့ကြတယ်။ ဒီမွန်းဟာ ဒီနယ်တစ်လွှားမှာ ပြိုင်ဘက်မရှိခဲ့တဲ့ လူမိုက်ကလေးပါ။
(ဘယ်လောက်မိုက်ခဲ့တယ်၊ သူတို့တွေ ဘာကြောင့် ဒီလောက်ကြောက်ကြတယ်၊ အခုသူ ဘယ်ကပြန်လာတယ်ဆိုတာတွေကတော့ ထားလိုက်ပါတော့)
ဒီမွန်းပြန်ရောက်လာပြီဆိုတော့ အနီးအပါးမြို့ရွာက လူမိုက်ကြီးတွေ၊ လူမိုက်လေးတွေ တဖွဲဖွဲလာရောက်နှုတ်ဆက်ကြတယ်။ ဒီမွန်းကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် တညီတညွတ်တည်း တင်မြှောက်ထားလိုက်တော့တယ်။
မြို့ကလေးကတော့ ဒီမွန်းပြန်ရောက်လာတာနဲ့ ပတ်သတ်ပြီး လည်ချောင်းထဲမှာ ပင့်ကူတစ်ကောင် အိမ်ဖွဲ့လာသလို ခံစားရတယ်။ အသက်ရှူရတာလည်း လေထဲမှာ သဲတရှပ်ရှပ်ပါလာသလိုပဲတဲ့။
လူကြီးအချို့ဟာ အိမ်ရှေ့ခန်းမှာထိုင်ပြီး ဆောင်းရာသီ ယပ်တောင်ကြီးတွေကို တဖျပ်ဖျပ်ခတ်နေကြတယ်။
အဲဒီလိုနဲ့ပဲ ဒီမွန်းပြန်ရောက်တာ နေ့ရက်တွေအတော်ကြာလာပါတော့တယ်။
(၂)
ဒီမွန်းက သိပ်တည်ငြိမ်တယ်။
သူ ပြောဆိုနေထိုင်ပုံကို လေ့လာရင် အတွေ့အကြုံသိပ်များခဲ့တဲ့ လူငယ်တစ်ယောက်မှန်း သိသာတယ်။
ဘာသာစကားလည်း သုံးလေးမျိုးတတ်တယ်။
တစ်ခါတစ်ခါ သူစကားပြောရင် ဘေးလူတွေ အလေးထားနားထောင်နေရတယ်။
ဖရီးမေဆင်ဂိုဏ်းအကြောင်းလည်းပါတယ်။
ဆာမှုရိုင်းယဉ်ကျေးမှုအကြောင်းလည်းပါတယ်။
စုံလို့ပါပဲလေ။
သေချာတာကတော့ ဒီမွန်းကို လိုလားသူကရော မလိုလားသူကပါ အတိုင်းအတာ ခပ်ကြီးကြီးတစ်ခုထားပြီး သူ့ကို 'ဖြုံ' ရတယ်။
သူ့အယူအဆကလေးတွေကလည်း တစ်မျိုးပဲ။ တစ်ခါက သူပြောဖူးတယ်။
"ကျုပ် ကြေးစားမိန်းမပျက်လေးတွေကို သနားတယ်"
"ဘာဖြစ်လို့လဲ ကိုဒီမွန်းရဲ့"
"မိန်းကလေးတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးအကြီးဆုံးက 'အပျိုရည်' နဲ့ အဲဒါကို ထိန်းသိမ်းထားတဲ့ 'ဣနြေ္ဒ' ပဲဗျ။ မပြေလည်တဲ့စားဝတ်နေမှုကြောင့် သူ့ရဲ့ အပျိုရည်ကို ရောင်းကုန်တစ်ခုလို ဈေးကွက်တင်ခဲ့ရတဲ့ ဒီလိုမိန်းကလေးတွေကို ကျုပ်သနားတယ်"
"သြော်"
"စားပွဲပေါ်မှာထိုင်၊ ပန်ကာအောက်မှာထိုင်၊ ကောင်တာနောက်မှာ ထိုင်ပြီး လူတွေကို ညှစ်ထုတ်ခေါင်းပုံဖြတ်နေတဲ့ မိန်းမမျိုးနဲ့စာရင် သူခန္ဓာသူရောင်းပြီး ရပ်တည်စားသောက်ရတဲ့ အဲဒီမိန်းကလေးမျိုးကို ကျုပ်သိပ်လေးစားတယ်"
ဒီမွန်းဟာ ငယ်ငယ်တုန်းက ကျောင်းစာထူးချွန်ခဲ့တဲ့ လူငယ်တစ်ဦးပဲ။ နောက်ပိုင်းမှာ ကျောင်းဆက်မတတ်တော့ပေမယ့် တက်ခဲ့စဉ်က 'လူရည်ချွန်ဆု' နှစ်ခါရဖူးတယ်။ အဲဒါကြောင့် သူ့ရဲ့အခြွေအရံတွေက တစ်ခါကျရင် 'ကျောင်းကိုမလွမ်းဘူးလား' လို့မေးတယ်။
သူက ခေါင်းခါတယ်။
"ပညာတွေလဲ သိပ်မတတ်ချင်ပါဘူးဗျာ။ လွမ်းစရာသိပ်များတဲ့ လောကကြီးမှာ ပညာနဲ့လွမ်းရတာ အနာဆုံးပဲ"
"ဘာကိုဆိုလိုတာတုန်းဗျ"
"သြော် ... မဖြစ်သင့်တာတွေ ဖြစ်တာကိုမြင်ရင် ဖြစ်သင့်တာက တစ်မျိုးဆိုတဲ့အတွေးနဲ့ နှမြောနာကျင်ရတာ ပညာတတ်တွေရဲ့ ၀ဋ်ဒုက္ခပဲလေ"
"သြော် ... သြော်"
မြို့ထဲက အဆီပြန်မျက်နှာနဲ့ ရှေ့နေ၀၀ဖိုင့်ဖိုင့်ကြီးကိုဆိုရင် ဒီမွန်းက သိပ်ကြည့်မရပါဘူး။
(အန္တရယ်တော့လည်း မပေးပါဘူး)
အဲဒီရှေ့နေကြီးကိုတွေ့ရင် သူ့လူတွေကို မေးငေါ့ပြတယ်။
"အဲဒါ နိရှေးရဲ့ အန်သိုလိုဂျီကျမ်းကြီးပေါ့"
သူ့လူတွေက ဘယ်နားလည်ပါ့မလဲ။ သူက ရှင်းပြတယ်။
"ဟစ်တလာက မူဆိုလီနီကို မွေးနေ့လက်ဆောင်ပေးနေတဲ့ ကျမ်းကြီးလေ ... ခင်ဗျားဖတ်မလား"
"ဟာ .. မဖတ်ချင်ပါဘူး"
"အေး .. အဲဒါဆို အဲဒီလူကြီးကိုလဲ မကြည့်နဲ့၊ လာ ကျုပ်တို့မျက်နှာလွှဲထားရအောင်"
ဒီမွန်းက အဲဒီလို လူမိုက်မျိုး၊ နည်းနည်းတော့ 'အံ့' လောက်ပါတယ်။
တစ်နေ့တော့ မြို့ကလေးရဲ့ နာရီစင်အောက်မှာ သူတို့အုပ်စုလက်ဖက်ရည်ထိုင်သောက်နေတုန်း ကျူရှင်တစ်ခုက ကျောင်းသူလေးတွေ ဆင်းလာတယ်။ အဲဒီကျောင်းသူတွေထဲကတစ်ယောက်ကို တွေ့လိုက်တာမှာ ဒီမွန်းရဲ့ မျက်လုံးတွေ ၀ိုင်းစက်ပျော့ပျောင်းသွားပါတယ်။
"ဟမ်းလော့"
"မဟုတ်ဘူး .. သူ့နာမည် ဟမ်းလော့မဟုတ်ဘူး"
"ဟမ်းလော့ (Hemlock)ဆိုတာ ပန်းဖြူတွေပွင့်တဲ့ အပင်တစ်မျိုးကိုပြောတာ။ သူ့နာမည် ဘယ်သူလဲတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်အတွက်တော့ သူဟာ ဟမ်းလော့ပဲ။ ကျုပ် သူ့ကို ..."
အားလုံး အံ့သြသွားကြတယ်။
ဒီမွန်းရဲ့ သတ္တုရင်ခွင်ထဲမှာ အချစ်ဆိုတဲ့ပန်းလေးဟာ မွှေးအောင်ဘယ်လိုပွင့်သွားသလဲ။
တကယ်တော့ အဲဒီနေ့ဟာ ဘာမှမဆန်းပြားလှပါဘူး။
သာမန်နေရောင်ခြည်တွေနဲ့ တောက်လောင်နေတဲ့ နေ့ပါပဲ။
လေထဲမှာ ငှက်ကလေးတွေ ကူးခတ်ပြီး ရေထဲမှာ ငါးတွေပျံသန်းနေကြတာလည်း အရင်အတိုင်းပါပဲ။
တစ်ခုတော့ရှိတယ်။
အပြန်လမ်းမှာ ဒီမွန်းတစ်ယောက်တည်း ခေါင်းငုံ့လျှောက်လှမ်းရင်း အတွေးတွေ ဝေနေခဲ့တော့တယ်။
(၃)
အဲဒီလိုနဲ့ ဒီမွန်းရဲ့ လူငယ်ညတွေမှာ လရောင်ဖြူတွေက လေတိုက်တိုင်း၊ တဖျပ်ဖျပ်လွင့်ခတ်နေကြတယ်။
တစ်ညမှာ တစ်ကြိမ်သာမြင်ခွင့်ရှိတဲ့ 'လထွက်ချိန်' ကို ငြိမ်သက်ပြီး သူ စောင့်ငေးခဲ့ပြီ။ သစ်ခြောက်ပင်ကြီးပေါ်မှာ နှင်းခါးတွေ အုံ့အုံ့မှိုင်းမှိုင်းဝေတာကိုလည်း လမ်းပေါ်ကနေ သူရပ်ကြည့်နေတတ်ပြီ။ အိပ်ပျော်ချိန်မှာလည်း ပန်းဖြူတစ်ပွင့်ပန်ထားတဲ့ ရိုမန်တစ် အိပ်မက်တချို့ကိုပဲ ဌာန်ကုန်အောင် သူ မက်ခဲ့မိပေါ့။
ဟမ်းလော့ကို သူစွဲလမ်းမိတဲ့ကိစ္စက သိပ်တော့ အဆင်မသင့်လှပါဘူး။ ဟမ်းလော့ဟာ ဒီမြို့ရဲ့ အလှဆုံးမိန်းကလေးတွေထဲမှာ ပါပါတယ်။ မိဘတွေကလည်း ငွေကြေးချမ်းသာပြီး အလိုလိုက်ကြလို့ သူမဟာ ပေါ့ပေါ့တန်တန် ကြီးပြင်းလာတယ်။
အရွယ်ရောက်လာတော့ မျက်နှာများပြီး ရည်းစားများတယ်။ လမ်းဘေးအုတ်ခုံမှာထိုင်တဲ့ လူငယ်လေးတွေက သူ့ကို အသည်းခွဲဘုရင်မလို့ ခေါ်တယ်။ အဲဒီလိုမျိုးပေါ့။
သူမကို ဒီမွန်း စွဲလန်းနေတယ်ဆိုတဲ့သတင်းကလည်း ပျံ့ထွက်လာရော သူမတို့ မိသားစုဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ ဒီမွန်း အန္တရာယ်ပေးမှာ တစ်စုံတစ်ရာ တောင်းဆိုမှာတွေကို သူတို့ စိုးရိမ်ကြတယ်။ ဒီမြို့ကို စွန့်ခွာထွက်သွားဖို့ဆိုတာလည်း မလွယ်ကူလို့ တစ်နေ့နေ့မှာ ဘာဖြစ်လာမလဲဆိုတာကိုပဲ တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်ပေါ့။
ဟမ်းလော့ဘက်ကလည်း ဂုဏ်တက်သွားတာလေးတွေ ရှိပါတယ်။ သူမလိုလှတဲ့ တခြားမိန်းကလေးတွေလည်း ရှိသေးရက်နဲ့ သူမကိုမှ ဒီမွန်းက တွယ်ငြိသွားရခြင်း၊ ဒီမွန်းလို စက်ရုပ်လူတစ်ယောက်ကို ရင်ခုန်အောင် ဆွဲဆောင်နိုင်ခြင်းတွေဟာ သူမတို့ မိန်းကလေးတွေကြားမှာတော့ ဟမ်းလော့ ခေါင်းမော့စရာပါပဲ။
အနေဝေးသူတွေအတွက် ဒီမွန်းက ခန့်မှန်းရခက်တယ်။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က ထွက်လာတာသာ မဟုတ်ဘူးဆိုရင် ဒီသတင်းဟာ ယုံချင်စရာမကောင်းဘူး။
ဒီမွန်းက တည်တည်ကြည်ကြည်ပါပဲ။
ဟမ်းလော့အပေါ် နူးညံ့သိမ်မွေ့နေတာကလွဲလို့ တခြားဘာအရိပ်အခြည်ကိုမှ မပြပါဘူး။ အဲဒါကြောင့် ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက ပိုပြီးစိုးရိမ်လာကြတယ်။
တစ်နေ့မှာ သူတို့က 'နတ်ပွဲ' တစ်ခု ကျင်းပပါလေရော။
နတ်ပွဲလုပ်ရတာကတော့ သူတို့ရဲ့သမီးလေးမှာ ကြုံရမယ့် အနှောင့်အယှက်တွေကို နတ်ကတစ်ဆင့် တားဆီးကြည့်တာပါ။
ဒါပေမယ့် အဲဒီပွဲကို ဒီမွန်းက လာကြည့်တယ်။
ပြီးတော့ ...
"ဟေ့လူ ... လာဦး"
နတ်ဝင်သည်ကို သူ့ဆီခေါ်တယ်။ နတ်ဝင်သည်က ကြောက်နေတယ်။
(နတ်ဝင်သည်မှမဟုတ်ဘူး၊ အဲဒီအချိန်မှာ အားလုံးကြောက်နေပြီ)
"ခင်ဗျားကို မြှားနတ်မောင် ၀င်ပူးအောင် လုပ်စမ်းပါ။ နေဦး မြှားနတ်မောင်နဲ့ ဖူးစာရေးနတ်ဆိုတာ အတူတူပဲလား။"
"အဲ .. ကျွန် .. ကျွန်တော် မသိ ..."
"ခင်ဗျားနတ် 'က' စားနေပြီး မသိဘူးလား။ ကဲ .. ထားပါတော့။ တူတူ မတူတူ ၀င်ပူးအောင်လုပ်စမ်း"
"အဲ့ .. အဲဒီနတ်က တကယ်ရှိလို့လား"
"ဟင် ... ခင်ဗျားက ကျုပ်ကို ပြန်မေးနေတယ်။ ကျုပ်က ဘယ်သိမှာလဲ။ ကဲ အဲဒီနတ်တွေ မသေချာရင် 'ကျူးပစ်' ၀င်ပူးစမ်း။ ကျူးပစ်ဆိုတာ အချစ်နဲ့ပတ်သတ်တဲ့ ရောမက နတ်ပဲ"
"ရ ... ရမှာ မဟုတ်ဘူးဆရာ။ ဒါ ... ဒါက ရောမမှ မဟုတ်ဘဲ မလွယ် ... "
ဒီမွန်းက စိုက်ကြည့်တော့ နတ်ဝင်သည် ကြောက်ဒူးတုန်နေတယ်။
ဒါပေမယ့် ဒီမွန်းက ဘာမှမလုပ်ပါဘူး။
ဘွိုင်းဂျော့ရဲ့ သီချင်းအလိုက်အတိုင်း လေချွန်ပြီး အေးအေးဆေးဆေး လှည့်ပြန်သွားတယ်။
ညနေကျတော့ မြို့ပြင်က ပိတောက်ပင်ကြီးအောက်မှာ သူတစ်ယောက်တည်း ဂစ်တာကြိုးတပ်နေတယ်တဲ့။
သူ့ကိုလည်း သတိပေးသူက ပေးပါတယ်။
"ဟမ်းလော့တို့မိသားစုက အစ်ကို့ကို မလိုလားကြဘူး အစ်ကို"
"အဟင်း .. ဟမ်းလော့ကိုယ်တိုင်ကရော"
"အဲဒါတော့ မသိဘူး အစ်ကို။ ဒါပေမယ့် သူက ယောက်ျားလေးတွေကို ကစားတတ်၊ ပညာပြတတ်တယ်"
"ဒီလောက်တော့ရှိမှာပေါ့လေ။ ဟမ်းလော့ဆိုတာကိုက အဆိပ်ပင်တစ်မျိုးပဲဟာ"
"ဟင် ... ပန်းဖြူပွင့်တဲ့ အပင်ဆို"
"အေးလေ ... ပန်းဖြူပွင့်တဲ့ အဆိပ်ပင်"
အဲဒီလိုနဲ့ ရာသီဥတုသာယာတဲ့တစ်နေ့မှာ ဒီမွန်းက ဟမ်းလော့ကို စကားတစ်ခွန်းပြောပါတယ်။
ရိုးရိုးရှင်းရှင်းပါပဲ။
မင်းကို ချစ်တယ်တဲ့။
(၄)
"တစ်ခါတည်း အဖြေမတောင်းဘူးလား"
လို့ ဒီမွန်းကို ၀ိုင်းမေးကြတယ်။
ဒီမွန်းက ဘာမှပြန်မပြောဘူး။ မေးလွန်းမက မေးကြတဲ့အခါမှာ သူက လက်ဖက်ရည်စားပွဲပေါ်မှာ မြေဖြူနဲ့ ရေးလိုက်တယ်။
"ငပေ၊ ငမှေး၊ မို့ ...
အဖြေကလေး ပေးပါကွယ်" တဲ့။
ပထမတော့ အားလုံးကြောင်သွားပြီး နောက်မှ ရယ်လိုက်ကြတာ သောသောညံလို့ပေါ့။
"ကိုဒီမွန်းက ကဗျာလဲရေးတတ်တာကိုး။ သိပ်မိပဲဗျာ"
လို့ ၀ိုင်းပြောကြတယ်။
ဒီမွန်းကတော့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။
ဟမ်းလော့က ဒီမွန်းကို ပြောပါတယ်။ သူ့ကိုချစ်ရင် စာမေးပွဲတစ်ခု အောင်အောင်ဖြေပေးပါတဲ့။ ဟမ်းလော့ပြောတဲ့ စာမေးပွဲက အင်မတန်ခက်ခဲတဲ့ စာမေးပွဲပါပဲ။ သက်ဆိုင်ရာ ပညာသည်တွေအတွက်တောင် အသက်ရှူမှားရတဲ့ စာမေးပွဲဟာ ဒီမွန်းလိုလူတစ်ယောက်အတွက် တွေးဝံ့စရာ မရှိပါဘူး။ ဒါပေမယ့် အံ့သြလောက်အောင်ကို တောင်းဆိုသူက တောင်းဆိုပြီး ခေါင်းညိတ်တဲ့သူက ခေါင်းညိတ်လိုက်တယ်။
အဲဒီစာမေးပွဲကို ဒီမွန်းဖြေမယ်တဲ့။
(အဲဒီစာမေးပွဲဟာ နိုင်ငံကြီးတစ်နိုင်ငံကြီးမှူးတဲ့ အပြည်ပြည်ဆိုင်ရာ စာမေးပွဲတစ်ခုပါ)
ဟမ်းလော့ကို သူတစ်ခွန်းပြောခဲ့တယ်။
"ကိုယ့်သဘာဝအရတော့ ဒါတွေကို စိတ်မ၀င်စားတော့ပါဘူး။ နိမ့်ပြ၊ မြင့်ပြ၊ ဆုတ်ပြ၊ ဆန်းပြနဲ့ မင်းရှေ့မှာ ဂဏန်းတွေ တစ်လုံးပြီးတစ်လုံး ဖြစ်ပြနေတဲ့ လူတွေထဲမှာလည်း ကိုယ်မပါချင်ဘူး။ ဒါပေမယ့် မင်းတောင်းဆိုလို့ ကိုယ် ကြိုးစားမယ်။
ကိုယ်က လူမိုက်ပါ။ လူမိုက်အတိုင်းအတာအထိပဲ စွမ်းနိုင်လိမ့်မယ်။ ကြယ်တံခွန်ကို ကိုယ်မဆွတ်နိုင်ဘူး။ ဒါပေမယ့် လူမိုက်ဟာ လူမိုက်လိုတွေးတယ်။ ကိုယ်ကိုယ်တိုင်က 'လူတံခွန်' ဖြစ်အောင် လုပ်မယ်။
အဲဒီတော့ မင်းစောင့်နေလေ။ အဲဒီစာမေးပွဲကို ကိုယ် အောင် အောင်ဖြေပြီး မင်းဆီ ကိုယ်ပြန်လာခဲ့မယ်။"
အဲဒီလိုနဲ့ ဒီမွန်းဟာ ကျောင်းတော်သားတစ်ယောက်ပြန်ဖြစ်သွားတယ်။
ဒါပေမယ့် သူ့ကျောင်းက ခေါင်းလောင်းမထိုးဘူး။ သူကလည်း ဖောင်တိန်၊ စာရွက်၊ ဖတ်စာအုပ် စတာတွေ ဘာမှမဆောင်ဘူး။
သူဖြေဆိုရမယ့် ဘာသာရပ်နဲ့ ပတ်သတ်ပြီး မြို့ပြင်က ကျောင်းဆရာကြီးတစ်ယောက်ထံမှာ (SYMPOSIUM) ဆိုတဲ့ စနစ်နဲ့ သင်ယူပါတယ်။
သူနဲ့ ဆရာကြီးဟာ အရိပ်ကောင်းတဲ့ သစ်ပင်အောက်မှာ ထိုင်တယ်။ မြေပြင်မှာ တုတ်နဲ့ခြစ်ပြီး အပြန်အလှန်ပြောဆို ဆွေးနွေးကြတယ်။ ပြန်လည်ငြင်းခုံခွင့်ရော၊ နည်းလမ်းဆန်းသစ်ခွင့်ရော သူရတယ်။
အဲဒီလိုနဲ့ ဒီပညာကို လေ့လာခဲ့တယ်။
(ဆရာကြီးရဲ့ သမီးဖြစ်သူဟာလည်း ဒီဘာသာရပ်နဲ့ ပတ်သတ်ပြီး ကျမ်းပြုစာတမ်းတစ်စောင် ရေးသားခဲ့ဖူးတယ်။ အစပိုင်းမှာပဲ ဆရာကြီးက သင်ပေးနိုင်ပြီး နောက်ပိုင်း သူ့ ကျန်းမားရေးမကောင်းတဲ့အခါ သင်မပေးနိုင်တော့ဘူး။ ဆရာကြီးကိုယ်စား သူ့သမီးက ဆက်လက်သင်ပြပေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီမွန်းကတော့ ကြိုးစားပါတယ်။)
မီးခိုးငွေ့တန်းကို ကြိုးကွင်းနဲ့ ပစ်ဖမ်းတာကမှ လွယ်ဦးမယ်။ ဒီစာမေးပွဲကို အောင်မြင်ဖို့ မလွယ်ပါဘူး။
ဒါပေမယ့် ဒီမွန်းကတော့ တိုက်ပွဲဝင်သွားပါပြီ။ စစ်ရထားပေါ်ကနေ အားလုံးကို လက်ပြနှုတ်ဆက်ထားပါပြီ။
မြို့ပတ်လမ်းမှာ၊ သင်္ဘောဆိပ်မှာ၊ မြင်းလှည်းပေါ်မှာ၊ ပန်းခြံထဲမှာ ကျောင်းစာတွေ လေးလေးနက်နက်စဉ်းစားနေတဲ့ ဒီမွန်းကို အားလုံးတွေ့ကြရတယ်။
(အားလုံးကလည်း မသိမသာ အကဲခတ်နေကြတယ်)
အဲဒါကို ဟမ်းလော့နဲပ အပေါင်းအပါတွေက မသိမသာ မျက်စပစ်တယ်။ ဒီမွန်းရှေ့မှာ ဘာသံမှ မထွက်ရဲပေမယ့် ကွယ်ရာမှာတော့ ဒီမွန်းကို ငပေါတစ်ယောက်လို ဟားကြတယ်။
ဒီမွန်းလိုကောင်ကို ၀ပ်သွားအောင် ပြုစားလိုက်နိုင်တဲ့ ဟမ်းလော့ရဲ့ နားထဲကိုလည်း ချီးကျူးစကားတွေ အများကြီးရောက်လာတယ်။ အဲဒီအချိန်မှာတော့ သူမတို့အတွက် ပျော်စရာဆိုတာ ဒီမွန်းကို ကျိတ်ရယ်နေကြခြင်းပါပဲ။
အဲဒါတွေအားလုံးကို ဒီမွန်း ပြန်ကြားပါတယ်။ သူ့ဆီကိုလည်း စာတစ်စောင် ရောက်လာတယ်။
ဟမ်းလော့ကို ဒီမွန်းထက်အရင်ချစ်ခဲ့ပြီး ဒီမွန်းကြောင့် နောက်ဆုတ်ပေးရတဲ့ လူငယ်တစ်ယောက်ဆီကပါ။ ဟမ်းလော့ကို သူသိပ်ချစ်တယ်ဆိုတာကို နာမည်မဖော်ဘဲ ကြေကြေကွဲကွဲ ရေးထားတာပါ။
ဒီမွန်းကတော့ ဘာကိုမှ မခံစားရသလိုပါပဲ၊
သူ့ကျောင်းစာကိုပဲ သူလေ့လာပြီး နောက်ဆုံးတော့ သံရုံးမှာ ဖြေဆိုဖြစ်တယ်။
စာမေးပွဲအကြောင်း ဘာမှပြန်မပြောဘဲ မြို့မှာ ပုံမှန်ပြန်နေတယ်။
သူ့ ထုံးစံအတိုင်း အေးတိအေးစက်ကြီးပါပဲ။
(၅)
လောကကြီးမှာ မာယာများတတ်တယ်နော်။
တချို့ညတွေမှာ ကြယ်တာရာတွေရံပြီး တချို့ညတွေမှာ လင်းနို့တွေ သင်းဖွဲ့ပျံနေကြတယ်။
မြင်းစီးသူရဲချင်းတူတာတောင် ကိုင်တဲ့ကျာပွတ်ချင်းမတူဘူး။
အဲဒီလို မျက်လှည့်ပြတတ်တဲ့ လောကကြီးထဲမှာမှ ဒီမွန်းဟာ ဟမ်းလော့ကိုချစ်ရတာ ဘီလူးတစ်ကောင်က ရွှေမင်းသမီးလေးကို မြတ်နိုးရသလိုပါပဲ။
ဟမ်းလော့ဘက်ကတော့ ဒီမွန်းကို ကြောက်တာတစ်ခုတည်းသိပြီး ဘာမှ အလေးအနက်မရှိခဲ့ပါဘူး။ အောင်မှာ မဟုတ်တဲ့ စာမေးပွဲကြီးတစ်ခု ဖြေခိုင်းပြီး လွယ်လွယ်ကူကူ ပထုတ်လိုက်တာပါ။ မတော်တဆ အောင်သွားရင် ဘယ်လိုလုပ်မလဲ။ ကျဦးတော့ ဒီမွန်းက နောက်ဆုတ်မပေးရင် ဘယ်လိုလုပ်မလဲဆိုတာလည်း သူမ ကြိုတွေးမထားပါဘူး။
ဒီမွန်းရဲ့ စာမေးပွဲအတွက် အောင်စာရင်းထွက်ဖို့ နီးလာတာနဲ့ မြို့သူမြို့သားတွေ စိတ်ဝင်တစား စောင့်ကြည့်လာကြတယ်။
တစ်နေ့မှာတော့ ဟမ်းလော့တို့ အသိုင်းအ၀ိုင်းက မီးပုံပွဲတစ်ခုလုပ်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့ဟာ ဒီမွန်း အောင်စာရင်းထွက်တဲ့ နေ့ဖြစ်တယ်။
အောင်စာရင်းကြည့်ဖို့အတွက် ဒီမွန်းဟာ မနက်အစောကြီး သူ့အိမ်က ထွက်သွားပါတယ်။
သူပြန်အလာကို ရင်မောမောနဲပ စောင့်ကြိုရင်း မြို့ကလေးလည်း ရင်ခုန်သံတွေ တရိပ်ရိပ်မြန်နေပါတယ်။
ညနေစောင်းတဲ့ အထိ ဒီမွန်း ပြန်ရောက်မလာပါဘူး။
ဟမ်းလော့တို့ဟာ ဒီမွန်း ရှုံးနိမ့်သွားပြီဆိုတဲ့အသိနဲ့ မီးပုံပွဲကို ပျော်ပျော်ရွင်ရွင် စတင်လိုက်ကြပါတယ်။
တစ်ယောက်က ဟမ်းလော့ကိုနောက်တယ်။
"ဒီမွန်း အောင်ခဲ့ရင် ဘယ်နှယ့်လုပ်မလဲ" တဲ့။
ဟမ်းလော့က ချစ်စရာအမှုအရာလေးနဲ့ ရယ်ရင်း ...
"သူ အောင်မှာမဟုတ်တဲ့ စာမေးပွဲပါ" လို့ ပြောတယ်။
ဟမ်းလော့ရဲ့အမေကလည်း နံဘေးနားမှာ ရှိတယ်။ နားသယ်စပ်က ဆံပင်တွေကို သပ်တင်သလိုလိုနဲ့ သူ့နားရွက်က စိန်နားကပ်ကြီးကို လူမြင်အောင် ပြနေတယ်။
ချင့်ချိန်တတ်ပုံရတဲ့ အရာရှိကြီးတစ်ယောက်က ၀င်ပြောတယ်။
"'ဒီမွန်းက စာမေးပွဲအောင်ချင် အောင်လာမှာ။ သိပ် လျှော့မတွက်နဲ့" တဲ့။
"ဒီမွန်းက ဥာဏ်ရည်သိပ်မြင့်တယ်။ သူ ဖြစ်ချင်တာကိုလဲ ဖြစ်အောင်လုပ်တတ်တယ်" တဲ့။
အဲဒီစကားကြားတော့ ဟမ်းလော့ နည်းနည်းမျက်နှာပျက်သွားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်သွားတယ်။
ခဏကြာတော့ နိုင်ငံခြားပြန်ဆရာဝန်တစ်ယောက် ရောက်လာတယ်။ ဒီမွန်း စာမေးပွဲကိစ္စကို တဟားဟားအော်ရယ်ပြီး ...
"စိတ်ချပါဗျာ၊ ဒီမွန်းက ဘယ်လိုလုပ် အောင်မှာလဲ။ ဒီစာမေးပွဲအောင်ဖို့ဆိုတာ အမေရိကမှတောင် ... " ဘာညာပြောတယ်။
ဟမ်းလော့လည်း စိတ်အေးသွားတယ်။ ဟမ်းလော့ရဲ့အမေက ငွေစက္ကူကြီးတစ်ရွက်ကို ထောင့်စွန်းလေးဖြစ်အောင်လုပ်ပြီး နားဖားချေးကလော်နေတယ်။
(နားဖာချေးကလော်သလိုလိုနဲ့ နားရွက်က စိန်နားကပ်ကြီးကို လူသတိထားမိအောင် ပြနေတယ်)
နောက်ထပ်ဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူကတော့ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး ဒီမွန်းနဲ့လည်း စကားအပြောအဆိုရှိတယ်။
"ဒီမွန်းက ရန်ကုန်ကို ဖုန်းနဲ့ကြိုမေးပြီး အောင်စာရင်းသွားကြည့်တာ" တဲ့။
"လေကလေးချွန်ပြီး ထွက်သွားတာပဲ။ အောင်တယ်ထင်တယ်" တဲ့။
သူ့စကားကြောင့် ဟမ်းလော့က နှုတ်ခမ်းလေးကို ကိုက်ထားပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
အဲဒါနဲ့ သူတို့ကလည်း ရန်ကုန်က နှံ့စပ်တဲ့ မိတ်ဆွေတစ်ယောက်ဆီ အဲ့ဒီစာမေးပွဲအကြောင်း ဖုန်းဆက်မေးလိုက်တယ်။ မိတ်ဆွေက ပြန်ပြောတယ်။ ဆယ်ရာခိုင်နှုန်းပဲ အောင်တယ်။ ကိုးဆယ်ရာခိုင်နှုန်း ကျတယ်တဲ့။
ဟမ်းလော့က သက်ပြင်းချတယ်။ ဟမ်းလော့ရဲ့အမေက ၀မ်းသာအားရ ပြုံးလာတယ်။ ဟိုဘက်လှည့် နှုတ်ဆက်၊ ဒီဘက်လှည့်နှုတ်ဆက်နဲ့ သူ့စိန်နားကပ်ကြီးကို လည်လိမ်ပြီး ပြနေတယ်။
ညမှောင်လာတာနဲ့ အမျှ မီးပုံပွဲက ပိုပြီး စည်ကားလှပလာတယ်။ ဟမ်းလော့ရဲ့ အပေါင်းအပါတွေ အောင်ပွဲခံသလို စားသောက်နေကြတုန်း သတင်းတစ်ခုဝင်လာတယ်။
ဒီမွန်း မနက်ကထွက်သွားတဲ့ သူရဲ့ (သိမ်းထားတာကြာပြီဖြစ်တဲ့) နာမည်ကျော် ဓားမြှောင်ကို ကိုယ်မှာဆောင်သွားတယ်။ သူ စာမေးပွဲကျရင် ဟမ်းလော့ကို အကြမ်းနည်းနဲ့ လုယက်ခေါ်ဆောင်ဖို့ ဖြစ်နိုင်တယ်တဲ့။ ဟမ်းလော့က မျက်လုံးဝိုင်းနေပြီး ဟမ်းလော့ရဲ့အမေက ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်။
နောက်တော့ ဧည့်သည်တစ်ယောက် အမောတကော ရောက်လာပြီး သူတို့ရှေ့မှာ ရပ်တယ်။
ဟမ်းလော့ရဲ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လာတယ်။
ဧည့်သည်က အထစ် အထစ်နဲ့ ပြောတယ်။
'ဒီမွန်း အခုပဲ ပြန်ရောက်လာပြီ' ဆိုလို့ ထရပ်မိတဲ့ ဟမ်းလော့ရဲ့အမေဟာ ...
'ဒီကိုတော့ မလာသေးဘူး' ဆိုတဲ့ စကားကြောင့် ပြန်ထိုင်မလို လုပ်ပြီးခါမှာ ...
'ဟော့ဒါပေးလိုက်တယ်' ဆိုတာကြောင့် မထိုင်မိဘဲ ကုန်းကုန်းကွကွ ဖြစ်နေတယ်။
(ခြုံငုံသုံးသပ်ရရင်တော့ သူ့ခမျာ ထိုင်ရမလို၊ ထရမလို ဖြစ်နေတယ်)
ဒီမွန်းပေးလိုက်တာ စက္ကူအိတ်တစ်အိတ်ပါ။ အဲဒါကို သူတို့တွေ ကြောက်ကြောက်လန့်လန့်နဲ့ ဖွင့်ကြတယ်။
"အို"
ပထမဆုံး ထွက်လာတာကတော့ အဲဒီစာမေးပွဲကို ဒီမွန်က ပြောင်ပြောင်မြောက်မြောက် အောင်မြင်လိုက်တဲ့ အကြောင်း သိသာခိုင်မာတဲ့ အထောက်အထားစာရွက်ပါ။
ဟမ်းလော့တို့ အပေါင်းအပါတစ်စုလုံး မွှန်ထူသွားကြတယ်။
ဟမ်းလော့ဆိုရင် မျက်စိတွေပြာပြီး ကတုန်ကယင်ဖြစ်သွားတယ်။
'ဆက်ဖတ်ကြည့်စမ်းပါဦး' လို့ ဘေးလူတွေက တုန်လှုပ်သတိပေးရတယ်။
ဆက်ကြည့်တယ်။
ဒုတိယထွက်လာတာ လင်္ကာတစ်ပုဒ်ပါ။
အရိုးခွံကို အရေပြားနဲ့ပတ်ထားတဲ့ ရုပ်အလှဟာ မမြဲသောတရားသာဖြစ်လို့ ဒီအပေါ်မှာ ဂုဏ်မမောက်သင့်ဘူး ဆိုတဲ့အကြောင်း ဆုံးမထားတဲ့ သံဝေဂလင်္ကာကြီးပါ။
တတိယထွက်လာတာကတော့ လျှာထုတ်ပြောင်ပြရင်း လက်ဝှေ့ရမ်းနှုတ်ဆက်နေတဲ့ ကာတွန်းရုပ်ပါပဲ။
အောက်က စာတစ်ကြောင်းရေးထားတယ်။
"ဒီဘ၀မှာ နှမလက်လျှော့နေလေတော့" ဟု။
အဲ့ဒီအောက်ကနေ ဒီမွန်းရဲ့လက်မှတ်ကို သူ့နာမည်ရင်းနဲ့ ရေးထိုးထားတယ်။
(၆)
အဲဒီညနေဟာ ရွှေအိုရောင်မြူခိုးတွေနဲ့ ရိုးရိုးသားသားလှပနေခဲ့တယ်။ ဒီမွန်းက သူ့ကိုစာပြပေးတဲ့ ဆရာမလေးဆီ ၀င်နေတာပါ။
"မမ ကျွန်တော် စာမေးပွဲအောင်တယ်" ဆိုတော့ ကောင်မလေးက ကြည်ကြည်လင်လင် ပြန်ပြုံးပြတယ်။
ဒီမွန်းက သူ့ကိုယ်ပေါ်က ဓားမြှောင်ကို ကောင်မလေးရဲ့ အရှေ့ဘက်မြေပြင်မှာ ပစ်ချပြီး ...
"ကျွန်တော့်လူမိုက်ဘ၀ကို မမရှေ့မှာ ကျွန်တော် လက်နက်ချလိုက်ပြီ။ ကျွန်တော့်ကို ဒီမွန်းလို့ မခေါ်နဲ့တော့" လို့ပြောတယ်။
နောက်ထပ်လည်း စကားတွေ အများကြီးပြောတယ်။
တိုးညင်းနွေးထွေးတဲ့ သူ့စကားတွေကို နားထောင်ရင်း ကောင်မလေး မျက်လွှာချတယ်။ အေးငြိမ်းတဲ့မျက်နှာလေးဟာ တဖြည်းဖြည်းအောက်ငုံ့သွားတယ်။
လေတွေ တသုန်သုန်တိုက်တဲ့အခါ သူ့ဆံနွယ်မျှင်လေးတွေက အနုပညာဆန်ဆန် မျောလွင့်နေကြတော့တယ်။
ဒီမွန်း (Demon) = နတ်ဆိုး
စာကြွင်း
ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး ကျွန်တော်က ...
(က) စိတ်ကူးယဉ်၍ ရေးသားခြင်းဖြစ်သည်။
(ခ) ဖြစ်ရပ်မှန်တစ်ခုကို ရေးသားထားခြင်းဖြစ်သည်လို့ အဆိုနှစ်ခု ပေးခဲ့ရင် ဘယ်ဟာမှန်တယ် ထင်ပါသလဲ။ ရဲရဲတွေးပြီး အမှား၊အမှန် ခြစ်ကြည့်စမ်းပါ။(တာရာမင်းဝေ)
မောင်ဇာတိ(ငါ့စုဘူး)ဆီကတဆင့်ကူးယူဖော်ပြပါသည်။
ရေးသားသူ ငြိမ်သက် at 9:16 PM 0 ထွေရာလေးပါး
အမျိုးအစား တာရာမင်းဝေ
ကျနော့် ရဲ့  မ
တခုသော ၁၉... နှစ်များဆီက အကြောင်းအရာလေး တခုပါ။ညီမျိုးရဲ့ (မောင်မျိုး)ခပ်စောစော သင်္ကြန်ပို့လေးက ရင်ထဲကအနာဟောင်းကို လာဆွလိုက်သလိုပါပဲ။ ဟင် မဖတ်ခဲ့မိရင် ကောင်းသား၊ ဒင်းကလေးရဲ့ အရေးအသားကလည်းကောင်းနေတော့ အင်း ကိုယ့်ဒေါသနဲ့ ကိုပဲလေ ခံပေါ့ လှလှကြီး။ မမအတွက်ဆို လောကကြီးကို ခါးစောင်းတင်ပစ်မယ်ဆိုတဲ့ ကောင်လေး ဘဝပေါ့။ ကျနော်က ၈ တန်း သူက ၁၀တန်း ကျောင်းသူ ဘဝ၊ မ အတွက်နဲ့ လိုက်လိုက်ရတဲ့ မေးခွန်းတွေ၊ ဒါပဲကြည့်ကွက်တိလို့ ကြားတာနဲ့ မျက်နှာနဲ့ ခြေလှမ်းက အသင့် အလိုအလျောက်ကို လှည့်မိလျက်သားပဲ။ မ က စာတော်ပါတယ် ဒါပေမယ့် မိန်းကလေးတွေရဲ့  ထုံးတမ်းစဉ်လာအရ Details သိပ်မက်တော့ ပူစရာမဟုတ် ပူနေရောပဲ။ သူပူနေတော့ ဒီကကောင်လဲ ဘယ်နေနိုင်မလဲ၊ ဒါနဲ့ တက္ကသိုလ် ရောက်နှင့်နေတဲ့ မကြီးဆီ အပူကပ်ပြီး မေးခွန်းရနိုင်၊ကြားနိုင်မယ့် နေရာတွေ စုံစမ်း၊ ၀ယ်တန်ရာဝယ် တောင်းတန်ရာတောင်း လုပ်လိုက်တာ စုံလောက်ပြီထင်လို့ သေချာပြန်ကြည့်မိတော့မှ ဟိုက်ရှားပါး...ပြဌာန်းစာအုပ်တွေကို စာမေးပွဲနီးမှ လိုက်ဝယ်မိ သလိုပါပဲ တယောက်တပေါက်ပေးထားလိုက်တာ မေးခွန်း ၃ စုံရှိထားရင် ဖတ်စာအုပ်ထဲကဟာတွေ အကုန်ခြုံမိနေမှတော့ မတိုးရှိပ မလား။
ဘာပဲဖြစ်ဖြစ် မအတွက်နဲ့ ကင်းတဲမှာအိပ်ပြီး အနီးကပ်မေးခွန်း စောင့်ရတာကိုက အာဂအလုပ်အကိုင်ဟဲ့လို့ သွေးနာထင်ရောက်နေခဲ့တဲ့ ဆယ်ကျော်သက် ချစ်လူမိုက်လေးပေါ့။
ဒီလိုနဲ့ ရင်းနှီးမှုတွေနဲ့ အတူ ရင်မှ အပူတွေကို ပတ်ဝန်းကျင်ရော မမ ပါသိလောက်တော့ သင်္ကြန်နားနီးနေပါပြီ။ ခါတိုင်းဆို ပိုက်ဆံ ကုန်မှာ ကြောက်လို့ အမဲအူသုပ်ဆိုင်မှာဆုံ ရင် အမြဲမျက်နှာလွဲသွားတတ်တဲ့ မ က ကျနော့်ကိုတကူးတကရှာတတ်လာသလို၊ ကျနော်ကလည်း အချိန်မှတ်ထားပြီး သူမသွားနေကျ လမ်းတွေဆီမှာ ခရီးသွားဟန်လွဲ ကိုယ်ထင်ပြရတာ အမောပေါ့။ မှတ်မှတ်ရရ သင်္ကြန်မကျခင်တပတ်အလိုမှာ သူ့ပါပါး ပို့ပေးလိုက်တဲ့ ဂျပန်ဘီးကလေးကို ကြွားရင်း နှစ်ယောက်သား လမ်းသလားကြရင်းနဲ့ အမဲအူသုပ် အတူစားဖြစ်ကြတဲ့နေ့ကပေါ့။ ပြသနာက ကျနော်က စမိတယ်ပဲ ဆိုပါတော့။မ ရှေ့  ရောက်တာနဲ့ ဘယ်လိုအမှတ်ရအောင်နေပြရမယ်ပဲ စဉ်းစားနေတဲ့ အကျိုးကျေးဇူး ဆိုပါတော့။ အမဲအူသုပ် ဆိုင်ဘေးက ခေါက်ဆွဲသုပ်သည်က သစ်ခွပန်းရောင်းတဲ့ အထမ်းသည်လင်းမယားကိုခေါ်ပြီး ပန်းပင်ဝယ်ပါလေရော၊ အဲဒီမှာ စတွေ့တာပါပဲ...
အပြောကောင်းတဲ့ ပန်းသည်လင်မယားကို သဘော်တော်ခွေ့ သွားတဲ့ အသုပ်သည်အဒေါ်ကြီးဟာ...သူ့ဘာသာသူဝယ်ရုံတင်မကပါဘူး၊ ကျနော်တို့စားနေတဲ့ အမဲအူသုပ်သည်ကိုပါ ဈေးတော်ကြောင်း၊တန်ကြောင်း ရတုန်းရခိုက်ဝယ်ထားရင်မမှားကြောင်း ဆွယ်တရားဟောလိုက်တာ ... အမဲအူသုပ်သည်အဒေါ်ကြီးလည်း...သစ်ခွပန်းပင်တပင် ဝယ်လိုက်ရပါလေရော။ ပန်းတအိုး ၂၅၀ တည်းရယ် အပွင့်တွေလည်းအသင့်ပါလေရဲ့ ။ပြောပြောဆိုဆို..ပါပဲ သူဝယ်လိုက်တဲ့ပန်းအိုးလေးကို အမွှမ်းတင်ရင်း ကျနော်တို့ဝိုင်းမှာဝင်ထိုင်ကာ
ပွားပါလေရော...ပန်းသည်လင်မယားကတော့ အထမ်းဘေးချကာ ထောင်တန်အကြွေဖြတ်ပြီး ပိုက်ဆံပြန်အမ်းဖို့ရာ မျက်စောင်းထိုးကားလမ်းမရဲ့  တဖက်ခြမ်းက...ခေါက်ဆွဲဆိုင်ဆီဝင်သွားကြလေရဲ့  ။
ဆိုင်ရှင်အမဲအူသုပ်သည်အဒေါ်ကြီးက ၀ါကနာရှင်အဆင့် ကနေ ပညာရှင်အဆင့်ထိ ဘယ်ပန်းကဘယ်လို၊ ဘယ်ရာသီဆို ဘယ်ပန်း ဆိုတာတွေရော သူ့ပညာဗဟုသုတ၊ သူမရဲ့  ပါရမီလက်ဆိပ် စသည်ဖြင့် ပန်အိုးလေး ခုံပေါ်ချထားကာ အကျယ်တ၀င့်ရွှီးပြနေပါသည်။ ဆန်အိုးထဲက ဆန်ရတယ်ဆိုသော ကျနော့် မမ ကလည်း ပြည်သူ့ဆန္ဒခံယူပွဲတက်ရောက်နေသလားမှတ်ရတယ်...ဟုတ်ဟုတ်..
မဟုတ်ဟုတ်...ပြောသမျှယုံလိုက်ထောက်ခံလိုက်နဲ့ပေါ့။ကျနော်
လည်းနားဒုက္ခ အေးလိုအေးညားဆိုပြီး ရှေ့  ကပန်းအိုးလေးဆီကို အာရုံလွဲလိုက်ပါတယ်။ အိုးထဲက သစ်ခွက Dancing lady(yellow Color) အမျိုးအစားပါ။ သစ်ခွ ပင်ပျိုနှစ်ပင်ယှဉ်လျက်ပေါက်နေပြီး တပင်က ပန်းခက်ကြီး နှစ်ခက်ပွင့်ကာ အလှကြီးလှနေတာပါ။ကြည့်ရင်းကြည့်ရင်း သံသယဖြစ်လာပါတယ်။ အပင်လေးက ဒီလောက်အပွင့်ကြီးတွေပွင့်ဖို့ရာ သက်တမ်းမရင့်သေးလောက်ဘူးလို့လည်းထင်လာပါတယ်။ဒါနဲ့ပဲ သေသေချာချာ လုံးစေ့ပတ်စေ့ကြည့်လိုက်မှ ဖိန့်ဖိန့်ကြီးမှန်းသိလိုက်ရတယ်။
ဒါနဲ့ဆိုင်ရှင်အဒေါ်ကြီးပြောသမျှပုံပြင်တွေကို စိတ်ဝင်တစားနားထောင်နေတဲ့ မမကို စကားလက်စသတ်ဖို့ အချက်ပြ လိုက်တော့...ဆိုင်ရှင်အဒေါ်ကြီးက အကင်းပါးလှသော ကျနော့် မမ ထက်အရင် မြင်သွားတာနဲ့ပဲ စကားလက်စသပ်ကာ သူ့ကောင်တာနောက်မှာ ဂေါ်ဖီပြန်လှီးနေပါတော့တယ်။ သိပ်လူမှုရေးပြည့်ဝတဲ့ မ ကလေ ကျနော့်ကိုဘုရှိုးကာ မေးဆတ်ရင်း..ပြောဆိုတဲ့အထာနဲ့ ပေါ့...ကျနော်လည်း မ ရှေ့ က ပန်းအိုးက ဂွင်ဆင်ထားတာကြီးလို့
ဆိုလဲဆိုရော...မယုံတဝက်ယုံတဝက် သူမရဲ့  ကော့ညွှတ်နက်မှောင်သော မျက်တောင်ရှည်ကြီးတွေကို တဖျတ်ဖျတ်ခတ်ရင်း
ရင်တဖိုဖို ဖြစ်နေတဲ့ သူမ။ဒါနဲ့ ကျနော်လည်း...အသေးစိတ်ရှင်းပြလိုက်တယ်လေ ...
Dancing lady(yellow Color) အမျိုးအစား သစ်ခွက ဆောင်းနှောင်းနဲ့ နွေဦးရာသီမှာ ပွင့်တဲ့အကြောင်း၊
အပင်က လိုဒါထက်ပိုမို သက်တမ်းနုနေသေးတဲ့ အကြောင်း၊ အများအားဖြင့် ပင်ပျိုတွေပွင့်ရင် သစ်ခွဥ တဥကနေ ပန်းတခိုင်သာထွက်လေ့ရှိကြောင်း၊အပင်က ပန်းခိုင်က အရမ်းညှိုးနေတာကြည့်ချင်း အားဖြင့် ဒီပန်းခိုင်က ဒီအပင်ကပွင့်တာမဟုတ်ပဲ
လာထိုးစိုက်ထားတာ ဖြစ်နိုင်ကြောင်း၊ အိမ်မှာ အဒေါ် တယောက် သစ်ခွဝယ်ရင်း ဒီလို ဂျင်းခဏခဏ ကိုက်မိဘူးတာကြောင့်
သိနေကြောင်းတွေပေါ့။ စကားလည်းဆုံးရော...အယ်...ပန်းသည်တွေက ဒီလိုလိမ်ရောင်းတတ်တယ်လားတဲ့...ဒါဆိုဒီသစ်ခွက အစစ်မဟုတ်ဖူးပေါ့...ဆိုပြီးမေးခွန်းထုတ်ပြန်ပါလေရော...၊ပန်းသည်တိုင်းတော့ မဟုတ်ကြောင်း၊ပြီးတော့ အခုအပင်က Dancing lady(yellow Color)အစစ်ဖြစ်ကြောင်း၊တချို့  ပန်းသည်တွေက အပင်က အပွင့်မပွင့်သေးပေမယ် ဝယ်သူတွေ
ဘယ်အပင်က ဘာပန်းပွင့်မှန်းသိအောင်သာ ထိုးစိုက်ထားခြင်းဖြစ်ကြောင်း၊ဒါကို သတိထားသင့်ကြောင်း ဆက်ရှင်းပြလိုက်ပါတယ်။
မိန်းခလေးတွေရဲ့  လူမှုကူးလူးဆက်ဆံရေးက ကြောက်ခမန်းလိလိပါကလား...မ လေ ခဏဆိုပြီး ခုံကထ ကောင်တာနောက်သွား...ကျနော်ပြောသမျှ ဆိုင်ရှင်ဒေါ်ကြီးကို ဖောက်သည်ချပါလေရောလား...မကြာပါဘူး နှစ်ယောက်သား ရုံးစု ရုံးစုနဲ့ ကျနော့် နဘေးနားရောက်လာပြီး သူဝယ်ထားတဲ့ အပင်က ပန်းခက်က အစစ်ဟုတ်မဟုတ် စမ်းသပ်ကြပါလေရော။ သာသာလေး ဆတ်ခနဲ ဆွဲလိုက်တာနဲ့ ပန်းခိုင်နှစ်ခိုင်လုံးအလိုက်သင့်ပါလာပါရောလား။အင်း မ တော့ စနက်တံကိုမီးစတို့နေပါပြီ။
သူ မ ပြောသမျှတွေကွက်တိကြုံရတဲ့ ဆိုင်ရှင်အဒေါ်ကြီးက မ ကို ကြည်ညိုမဆုံးပေါ့။အခန့်သား မရဲ့  အထာစတိုင်ကလည်း ဒီလောက်ကတော့ အကင်းပါဆိုတဲ့ အတိုင်းတပြားမှကို အတိမ်းအစောင်းမရှိ ကွက်တိ အံကိုကြနေတာပါပဲ။ သူတို့ချင်းတင်မကပဲ
အသုပ်ဆိုင်က ဈေးသည်ကိုပါ သတင်းလက်ဆောင်ကမ်းချိန်မှာတော့ ထောင်တန်အကြွေဖြတ်ပြီး ပိုက်ဆံပြန်အမ်းဖို့ရာ ပြန်ရောက်လာတဲ့ ပန်းသည်လင်မယားနဲ့ ပက်ပင်းတိုးကြပါလေရော။....အသုပ်သည်နှစ်ဦးလုံးက ပန်းပင်တွေ မဝယ်လိုတော့ကြောင်း ပိုက်ဆံသာပြန်ပေးရန် ပန်းသည်လင်မယားနှင့်စ စကားများကြပါလေပြီ။အင်း...နောက်ဆုံးတော့ ဒေသခံတွေနဲ့ ပြသနာ မဖြစ်ချင်တဲ့ ပန်းသည်လင်မယားကပဲ အလျော့ပေးကာ ပန်းအိုးဖိုးပြန်ပေးလိုက်ပါတယ်။ ဒါပေမယ့် ကျေနပ်ကြတယ်တော့ မဟုတ်ကြပါ။ သူတို့ကိုချက်ကျ လက်ကျ ရန်တွေ့ကာ ပိုက်ဆံပြန်တောင်းတဲ့ အမဲအူသုပ်ဆိုင်ဆီကိုကွက်ကြည်
ကွက်ကြည့် လုပ်ရင်း နဘေးက အအေးဆိုင်ထဲဝင်ကာ ဒေါသပြေ အအေးဝင်သောက်ကြပါလေရော။
ဒါကို အစအဆုံးသိနေမြင်နေကြားနေရတဲ့ အအေးဆိုင်ရှင်က လောကွတ်လုပ်ကာ ဒီပြသနာရဲ့  တရားခံ လက်သည်အမှန် ဘယ်သူဘယ်ဝါဆိုတာကို ပန်းသည်မိန်းမကို လက်ထောက်ချလည်း ချလိုက်ရော...ပန်းသည်အမကြီးလေ ဝုန်းဆို..အမဲအူသုပ်ဆိုင်ရှေ့  ရောက်လာပြီး မ ကိုတည့်တည့်ကြီးစိုက်ကြည့်ကာ ကလော်တုတ်ပါလေရော...
ဒါကို မ လေ အပြုံးမပျက်တဲ့ အပြင် ကြောပေးထိုင်မိလျက်သား ဖြစ်နေတဲ့ကျနော့်ကိုပါ မေးဆတ်ရင်း လှည့်ကြည့်ဖို့ အဖော်စပ်ပါသေးတယ်...ဒီကကောင်လေ မနေနိုင်မထိုင်နိုင် သွားလှည့်ကြည်မိတော့ အမြင့်ပိုင်းကနေ ထဘီကို မကာမကာ ဟန်ကြပန်ကြ ဆဲရေးတိုင်းထွာနေတာ နဲ့ တည့်တည့် ကြီးတိုးပါလေရောဗျာ..တော် သေးတာပေါ့ အလင်းပြန်တဲ့ဘက်မှာဖြစ်နေလို့..ဟီး...အတော်နေတော့မှ ရပ်ကွက်လူကြီးရောက်လာပြီး ဈေးသည်အမကြီးအားဆက် မဆဲရန်ပြောမှပဲ ပွဲပြီးသွားပါတော့တယ်။...ကျနော်ဖြင့်ရှက်လိုက်တာလေ ဆိုင်ကနေထွက် စက်ဘီးဆွဲပြီး မ ကိုတင်ကာ ခြေဦးတည့်ရာ နင်းချလာခဲ့တယ်ဗျ။ အတော်ဝေးမှ ဘီးခဏရပ်ရင်း မ ကိုပြန်လှည့်ကြည့်တော ဟောဗျာ ...ပုံစံကိုက ဘာမှမဖြစ်ခဲ့သလိုပဲ။ ဒါနဲ့ပဲ ကျနော်က ဘယ်လိုမှ မနေဘူးလားစိတ်ထဲမှာလို့ မေးကြည့်တော့လေ...ဘာဖြစ်ရမှာလည်းတဲ့
ထမီ လှန်ဆဲတာသူမှမဟုတ်တာတဲ့ ခပ်အေးအေးပဲ ....နောက်ပြီးပြောလိုက်သေးတယ်...ဘယ်လိုနေရမှာလည်း သူကယောက်ျား
လေးမှမဟုတ်တာတဲ့...ဘုရားရေ...တကယ်ပါ ကျနော်လည်းဘာဆိုဘာမှ မမြင်ခဲ့ရပါဘူး..
ဒါနဲ့ကျနော်လည်း စကားလမ်းကြောင်းလွှဲတဲ့ အနေနဲ့ မကိုချစ်ခွင့်တောင်းတော့...
ဆိုင်းမဆင့်ဗုံမဆင့်...ထမေးတယ်...သူ့ မောင်အလတ်ကောင်ကို
နိုင်အောင်ထိုးနိုင်လားတဲ့။အမှန်အတိုင်းလည်းဖြေတယ်၊ အဖြေကို သူလည်းသဘောကျတယ်ဆိုရင် ချက်ချင်းအဖြေပေးမယ်လို့လည်း သဘောတွေကောင်းနေလိုက်သေးတယ်။ဟင်း ကျနော့် ဘဝကတော့ ဂျပန်ဝင်ခါမှပုလိပ်ဖြစ်ရသလိုပါပဲ...တတ်နိုင်ဘူးလေ...ဝက်ဖြစ်မှတော့ ဟိုဟာမကြောက်ကြေးပေါ့...ဒါနဲ့ထိုးနိုင်ပါတယ်ပေါ့ ပြောမယ့်သာပြောရတယ် စိတ်ကမရဲဘူး...အကောင်သာငယ်ပေမယ့် ယောက်ဖလောင်း(အလတ်ကောင်)က ဇ နဲ့ ဒါပေမယ့် ကိစ္စတော့မရှိပါဘူး ဒီကောင်က အမြဲတမ်းစောက်တလွဲလေ...သူ့နာမည်ပြောင်ကိုလည်းကြည့်ပါအုံး တွတ်ပီတဲ့။ ခဏတာ သူမ ခပ်တွေတွေလေး စဉ်စားပြီးကာမှ အေးဒါဆိုရင်တော့ နှင်နဲ့ငါ ရည်းစားဖြစ်လောက်တယ်ဆိုတဲ့ သူမကောက်ချက်ကြောင့် အာဝါဟ၊
ဝိဝါဟ မတိုင်ခင်အဆင့်ကို ကျနော်တို့ ရောက်ကြပါလေသတဲ့။....
ဒီလိုနဲ့ သင်္ကြန် အကြိုနေ့ မတိုင်ခင်တရက် အလို ရွှေဘုန်းပွင့်ဘုရားဝင်းထဲမှာ ထပ်တွေ့ဖြစ်ကြပါတယ်။ရည်စားသက်တမ်း တပတ်ပြည့်တဲ့ နေ့မှာပေါ့...ဒီတော့မှဟိုတနေ့က သိချင်နေတဲ့ ကိစ္စ မေးခွင့်ရတော့တယ်။ ဘာဖြစ်လို့ အလတ်ကောင်ကို
နိုင်အောင်ထိုးနိုင်တယ် ဆိုတာနဲ့ လက်ခံလိုက်ရတာလဲပေါ့။ မ အဖြေနဲ့ မ ကတော့ဟုတ်နေတာပါပဲ...အကယ်လို့ သူ့မောင်ကိုနိုင်အောင် မထိုးနိုင်တဲ့လူဆိုရင်လေ ...မောင်တွေရှေ့  မှာမျက်နှာငယ်ရတာပေါ့တဲ့...သူကအကြီးဆိုတော့ ရည်းစား
ဖက်ကလည်းဝင်ကူလို့လဲ မသင့်တော်ဘူးလေတဲ့ မောင်တွေနဲ့ တခုခုဖြစ်တဲ့အခါ။ နောက်ပြီးသင်းလေး ကနိုင်သွားလို့ အိမ်မှာ
ပြန်ကြွားရင် မိဘတွေကွယ်ရာမှာ ရည်းစားခိုးထားတာက ပေါ်ဦးမှာတဲ့။အခုလည်း သူ့မောင်ကိုကြိမ်းထားတယ်တဲ့ ငါရည်းစားထားတာ
အမေတို့ကိုချွန်ရဲ ချွန်ကြည့် ငါ့ကောင်လေးခေါ်ပြီး နင့်ကိုချောင်းရိုက်ခိုင်းမယ်လို့တဲ့...ကဲ အာဂ အမဗျာ...
ဒါနဲ့ ကျနော်လည်း ဖီလင်အပြည့်သွင်းပြီး ကျနော့်ကို ဒီလောက်တောင်ပဲ ချစ်ရလား မ ရယ်လို့ဆိုပြီး လက်ကလေးကို ဆွဲကိုင်လိုက်ပါတယ်...ဟီး...ခံစားရလား ဘာလားတော့မသိဘူး...သူငယ်ချင်းတွေက ရည်းစားဖြစ်ပြီး ချိန်းတွေ့တာတောင် လက်ကလေးမှ မကိုင်ဘူးရင် ပြန်မလာနဲ့လို့ မှာလိုက်လို့ပါ...ရုတ်တရက် တုန်ပြန်လိုက်တဲ့ မ ရဲ့  လှုပ်ရှားမှုက ဂျူဒို သမားတယောက်လိုပါပဲ ...လက်ကိုနောက်လှန်ချိုး ပလိုက်တယ်လေ...နောက်ပြီးပါစပ်ကလည်း...
တလစပ်...ငါက ကလေးဆိုပြီး ကြည့်နေတာ...နင်ကအတတ်ကောင်းတွေ တတ်နေတယ်ပေါ့လေ
...နင့်ကို ငါနဲ့တွေရင်ဒီလိုလုပ်ရမယ်လို့ ဘယ်ယောက်ဖတွေက နည်းတွေလမ်းတွေ ပေးလိုက်သလဲဆိုပြီး...
ကွိုင်ပါလေရော...အတော်ကြာလို့ သူဒေါသထွက်လို့ ဝမှလွတ်လိုက်တော့ ကျနော့်လက်ကောက်ဝတ်က ယောင်နေပြီလေ...
ကျနော်လည်း နာတာရယ်၊လန့်သွားတာရယ်၊ရှက်တာရယ် ပေါင်းပြီး ဒီလောက်အထင်သေးနေရင်လဲ
အစတည်းက ငြင်းပေါ့...ဘာဖြစ်လို့လက်ခံခဲ့တာလည်းဆိုပြီး...ပြန်အအော်မှာ...ဘယ်ကဘယ်လို
မျက်ရည်တွေပါ ကျလာလဲမသိပါဘူး...သတိထား မိတော့ ကျနော့်ကိုခပ်ဖွဖွနမ်းပြီး
မောင်ကလေးတယောက်လို ချော့နေတဲ့ မရင်ခွင်ထဲရောက်နှင့်နေပြီ...
ဆက်ပြီးတော့လည်း ဒို့တွေက ငယ်ကြသေးတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင် အခုလိုတင်းတင်းကျပ်ကျပ် စောင့်စီးကြမှ
တန်ခါကြမယ်ဆိုပြီးမှာတမ်းတွေ ဆက်ချွေနေပါတယ်...ဒီကကောင်ကတော့ နုညံ့အိစက်တဲ့ အထိအတွေ့ နဲ့ မ ရဲ့ ကိုယ်သင်းရနံ့
တွေကြားမှာ...ဟီး...ဘဝမှာ ပထမဆုံးသော အတွေ့အကြုံမို့လား မသိဘူး နောက်ရင်ခွင်သစ်တွေ ရောက်တိုင်း သတိတရရှိနေလေရဲ့ ။
ဇရပ်ပေါ်က ဘုရားရှစ်ခိုးပြီးအမျှဝေကာ သာဓု ခေါ်တဲ့ အသံကြားမှ နှစ်ဦးသား ရှက်ရှက်နဲ့ထကာ အိမ်ပြန်ဖို့ ကားမှတ်တိုင်ဆီ
ထွက်လာခဲ့ဖြစ်ကြတယ်...ကားပေါ်မှာနှစ်ယောက်သားလေ သူ့ဂရုစိုက် ကိုယ့်ဂရုစိုက်နဲ့ အဖြစ်တွေသဲပြီး public ကိုအကြမ်းဖက်ရင်း စီးလာလိုက်တာ ကိုယ့်မှတ်တိုင်ကို ရောက်တောင်ရောက်မှန်းမသိ..ကျော်သွားလို့ တမှတ်တိုင်နောက်ပြန်လျှောက်လိုက်ရပါလေရောလား။ ဒီကကောင်တော့ နွေရာသီတွေဘာတွေ သတိမရတော့ဘူးနေပူကျဲတဲ ပေတရာလမ်းမပေါ်မှာလေ မ ဆိုတဲ့အသိတခုတည်းနဲ့ နေက လဖြစ်နေတာလေ။
ရေးသားသူ ငြိမ်သက် at 12:24 AM 1 ထွေရာလေးပါး
ငြိမ်သက် နဲ့ ဧပြီလ ၁၄ ရက်

ဒီနေ့ဧပြီ ၁၄ က...
ကျနော့်မွေးနေ့တဲ့။အမေနဲ့ပတ်ဝန်းကျင်ကပြောတာပဲ...အဲဒီတုန်းကတော့ အတော်ချစ်စရာ ကောင်းတယ်တဲ့။
ဒီမှာအပေါင်းအသင်းသိပ်မရှိတော့...၃နှစ်လောက်ရှိပြီ ခပ်ခြောက်ခြောက် သင်္ကြန်နဲ့မွေးနေ့တွေ ကျော်လွန်ခဲ့ရတာ။အခုနှစ်တော့ တမျိုးထူးမယ်လို့ထင်ထားတာ ပြီးတော့လည်း..း)း( ။ ဒီမှာ ကသင်္ကြန်ပွဲကို ၂ဖွဲ့ခွဲပြီး ၂ခါလုပ်တယ်လေ။စစချင်း စောက်နဲ့ထွင်း ဆိုသလိုပါပဲ ပထမပွဲကို သွားတာ ရန်ပွဲနဲ့ ပက်ပင်းတိုးပါလေရောဂျာ။ဒါနဲ့စိတ်ဓါတ်ကျပြီး သူငယ်ချင်း ၁ယောက်အိမ်မှာ ရေမလောင်းရမယ့်အတူတူ ရရာလောင်းမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လူစုပြီး ဘီယာတွေလောင်းထည့် ခဲ့ကြတယ်။နောက်တပွဲကို (overseas ကျောင်းသူသစ်ချောချောလေးတွေရှိတယ်လို့ အတိတ်စိမ်း ရထားတာတောင်မှ)မသွားဖြစ်တော့ပါဘူး။ ၁၂ ရက် နေ့ညနေကြတော့ ကံတက်လာတယ် ထင်ပါတယ်၊ ကိုယ်ကြောင်စီကွေးနေတဲ့ ကောင်မလေးနဲ့ အမှတ်မထင်ဆုံပါလေရော ဒါနဲ့ ဒီနှစ်သစ်မှာတော့ အပြီ ဆင်ကြံကြံမယ်ဆိုတဲ့အတွေးနဲ့ (၁၄ ရက်နေ့ မှာဆုံမယ်လို့ ဒိတ်ရအောင်) ညကြရင်ဖုန်းခေါ်မယ်လို့ ကျူလိုက်တယ်ဗျ။ ၁၃ရက် နေ့ မနက်မှ ဖုန်းခေါ်ဖြစ်တော့တယ်။
အဟီး... ညကရေချိန်လွန်သွားလို့လေ...ကျနော်ဖုန်းခေါ်တာ...တနေ့နဲ့တညလုံးလုံးပါပဲ...
No answer..ကျနော့်အထင်တော့ မူးပြီးဖုန်းတွေခဏခဏ ခေါ်တယ်ထင်လို့ မကိုင်တာပဲလား။ ရှေ့  ရေးတွေကြိုတွေးမိပြီး မကိုင်တာပဲလား။
အရင်လူကြောင့် အဆင်သင့်မဖြစ် သေးတာလား။ နောက်လူရင်မှာ .....လား..စသည်ဖြင့် ၁ နေ့ နဲ့ ၁ ည လားပေါင်း များစွာစီးရင်း ဒီနေ့လည်ရောက်မှပဲ သူမကံဆိုးစွာ ကောက်ကိုင်မိလို့ ကျနော်ကံကောင်းစွာ ပွားခွင့်ကြုံပါလေရော။
ပထမတော့လေ...တနေ့နဲ့တည စုထားတဲ့ဒေါသတွေ လွှတ်ထည့်လိုက်မယ်ပေါ့...ဟလို ဖုန်းခေါ်တာမရလို့ စိတ်ဆိုးနေပြီထင်တယ်။ ဒီကလေ silent လုပ်ထားမိလို့လေ ဖုန်းလာရင်ချက်ချင်းမသိဘူးဖြစ်နေတယ်။ ပြန်ခေါ်ချင်တယ်လေ ဒါပေမယ့်...ဖုန်းထဲမှာ credit က without ပြနေလို့တဲ့...စတဲ့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေလည်းပြီးရော ကျနော်ဒေါသတွေလည်း ရှာမရတော့ဘူး။
...ဒါနဲ့ပဲ..ကျနော်လည်း..ရပါတယ်ပေါ့...ဒီနေ့မွေးနေ့ပေါ့...ဆိုလည်းဆိုရောဗျာ
...ကိုယ်တောင်ရန်ပြန်လုပ်သွားတယ်။
ဘာဖြစ်လို့ စောစောတည်းက ကြိုမပြောတာလည်း
အရေးထားပြီးပြောရမယ့်စာရင်းထဲက လူမဟုတ်လို့ လား။ သူ့ကို မခင်လို့လား။ သူ့ခင်မင်မှုက သံသယဝင်စရာဖြစ်နေလို့လား...ဆိုပြီးရန်တွေ့လိုဝ မှ သူ့ဆီ အခုလာလည်ပါလားတဲ့။ မဖြစ်နိုင်တဲ့ ကိစ္စကို စပြောတယ်...ဒီနေ့ အမေ့ကိုဈေးလိုက်ပို့မယ်လို့ကတိပေးထားပြီးနေနှင့်ပြီလေ။မွေးနေ့မှာ ကုသိုလ်ဖြစ်၊မုန့်ဖိုးဖြစ်လေးပေါ့ ....း)။
ပြီးတော့နေရာက အနီးလေးမှ မဟုတ်တာ...ဒါနဲ့ ကောင်းပြီကောင်းရဲ့  ဆိုပြီး ၁၆ ရက်နေ့မှာ တွေ့ဖို့ ပါမစ်ပေးသွားလေရဲ့ 
ဘာတွေဖြစ်လာမယ်တော့မသိဘူး...ကိုယ်ဖြစ်ချင်တာတွေပဲတွေးထားတယ်
း)။း( လားး)လား တော့မပြောတတ်ပေမယ့်
ဘာပဲဖြစ်ဖြစ် သူမ ကျနော့် စိတ်ကူးထဲကောင်မလေး လို ကံကောင်းပါစေလို့ ဆုတောင်းနေပါတယ်။သူမကို ကျနော့်ရဲ့  ဂါဂါ အကြောင်းပြောပြရမှာလား ဂါဂါ့ကိုပဲ သူမအကြောင်းပြောပြရမှာလား...အာ..ဘာပဲဖြစ်ဖြစ် အသက်ရှင်သရွေ့  တော့ မပြောင်းမလဲ အမေကသူ့ သားပါပဲတဲ့ ဈေးဝယ်ရင်းအထုပ်ကူသယ်ပေးတုန်းက ပြောတယ်။ကဲ ငွေမာတွေကရော အရောင်စိမ်းမှာလား ? အတောင်ယိမ်းမှာလား?...ကဲပြော...မွေးနေ့ကိတ်စားရင်းနဲ့
ငြိမ်သက်ကို....
ရေးသားသူ ငြိမ်သက် at 11:52 PM 1 ထွေရာလေးပါး
နှစ်စဉ်ကျင်းပမြဲ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါစို့။
မိတ်ဟောင်းဆွေသစ် ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံကြရင်း၊မျိုးဆက်သစ် လူငယ်များကို ယဉ်ကျေးမှု အမွေအနှစ်များလက်ဆင့်ကမ်း ဖို့ရာအတွက်…
ညနေ ၂ နာရီ - ည ၇ နာရီ အထိ
Aline Burgess Hall
Noble Park English Language School
21 -35Thomas Street, Noble Park Melbourne (Mel way R: 89 F3)
အခမဲ့ ၀င်ကြေး
အခမဲ့ အကျွေးအမွေး အစီအစဉ်
သင်္ကြန်တေး၊သင်္ကြန်အက၊သင်္ကြန်သံချပ်
မြန်မာ့တိုင်းရင်းသားရိုးရာအကများ
ခေတ်ပေါ်တေးဂီတ(Shining Star)တေးဂီတ၀ိုင်းမှ ၀ါသနာရှင်မောင်နှမမျာ၏ တေးသံသာ နှင့် အဆိုအကတင်ဆက်မှု
ရွှေပွဲလာ ဧည့်ပရိတ်သတ် သားသား၊မီးမီး တို့အတွက် အထူးဝန်ဆောင်မှုအဖြစ်…
Jumping Castle
Face Painting
IQ quizzes and ဆုလက်ဆောင်များ
သို့ပါ၍ ပိတောက်ရနံ့တွေ မသင်းပျံနိုင်ပေမယ့် နွေးထွေးသောကြိုဆိုမှု နဲ့အတူ နှစ်သစ်အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း တောင်းဆုချွေရင်း Melbourne သင်္ကြန်မှာ တွေဆုံကြပါစို့လို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
Melbourne သင်္ကြန်ဖြစ်မြောက်ရေး အတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော အောက်ပါ အဖွဲ့အစည်းများအား
လည်း အထူးကျေးဇူးတင်ရှိပါကြောင်း…
တိုနီစု ********၀၄ ၂၅ ၈၄၄ ၆၀၄
နွယ်နီထွန်း ****၀၄ ၀၂ ၀၅၉ ၄၈၃
မြင့်မြင့်ဝေ ****၀၄ ၂၅ ၇၂၅ ၁၃၂
မြင့်ဆွေ ******၀၄ ၁၄ ၉၃၇ ၆၃၄
ကျော်လွန်းတင်*၀၄ ၁၄ ၇၉၅ ၅၉၈
ရေးသားသူ ငြိမ်သက် at 1:09 AM 0 ထွေရာလေးပါး
ဂျပန်စကား
Copyright by ဝါဝါခိုင်မင်း
ဒီနေ့မနက် ရာသီဥတုလေးက သာယာနေတယ်လေ၊ အပြင်ထွက်လည်ရင်ကောင်းမလားလို့ စဉ်းစားမိလိုက်ပေမယ့် အပြင်ထွက်လည်ရင် ခြေထောက်လည်းညောင်းသေးတယ် ၊ ပိုက်ဆံလည်းကုန်ဦးမယ် အဲဒီတော့ မထူးပါဘူး ခြေထောက်မညောင်း၊ပိုက်ဆံလည်းမကုန်တဲ့ ဘလော့ပဲအလည်သွားတော့မယ်ဆိုပြီးတော့ မနက်၈ နာရီမတိုင်ခင်ကတည်းက ကွန်ပြူတာစင်နားမှာ စားပွဲတစ်လုံးနဲ့ စားစရာ အပြည့်ချ ကော်ဖီတစ်ခွက်နဲ့ ရေတစ်ခွက်ပါ အဆင်သင့်ချထားပြီး ၈ နာရီကစပြီး ဘလော့လည်လိုက်တာ ခြေထောက်တော့မညောင်းပါဘူး၊လက်ရော မျက်စိရောညောင်းသွားတာနဲ့ နာရီကြည့်လိုက်တော့ ၁၀ နာရီထိုးနေပြီလေ။ မနက် ၈ နာရီကနေ ၁၀နာရီအတွင်း မထပဲနဲ့ ပို့စ်အသစ်တွေလည်ဖတ် .Comment တွေရေး စီဘုံးမှာ လာလည်ပြီးနှုတ်ဆက်သွားတဲ့ ဧည့်သည်အသစ်တွေဆီကို ဦးစားပေးပြီးပြန်လည် ၊နှုတ်ဆက် နဲ့တင်ပဲ ပိုရင်းနှီးတဲ့သူတွေဆီ မရောက်ဖြစ်တော့ဘူး..(ဟဟ ..စိတ်ဆိုးမှာစိုးလို့ ဖားတာပါရှင်။ :D)
အဲဒါနဲ့ပဲ..ဒီနေ့ပို့စ်တစ်ခုရေးပေးမယ်လို့ပြောထားတာရှိသေးတယ်လေ။ ရေးဦးမှပဲ ဆိုပြီး လည်တာကို ခဏနားပြီး ပို့စ်ရေးခြင်းကို စတင်လိုက်ရပါတယ်ရှင်။ဒီနေ့ ရေးမယ့်ပို့စ်လေးကတော့ ဂျပန်စာပို့စ်လေးပဲဖြစ်ပါတယ်ရှင်။အကြောင်းကတော့ ကျမရဲ့ ဂျပန်စာပို့စ်လေးမှာလွန်ခဲ့တဲ့ တစ်ပတ်လောက်က Secret ဆိုသူက အောက်ပါအတိုင်းComment ရေးသွားခဲ့ပါတယ်ရှင်။
secret said...
ကျနော် ဂျပန်ဘာသာနဲ့ ပါတ်သတ်ပြီး မရှင်းတာမေးချင်လို့ပါ။ ဒီဘလော့ဂ် ကိုခုမှ စဖတ်ဖြစ်ပေမယ့် ဖြေပေးနော်။
ကျနော် အရင်ကတည်းက が နဲ့ を ကို မကွဲဖြစ်နေတာ။ အခု ဖက်ကြည့်လိုက်တော့ အနတ ဂ စုခိဒက်စ် ဆိုတာတွေ့တော့ မေးကြည့်ဦးမှပဲလို့။ ကျနော်က を ကို မြန်မာစာလုံး ကို နဲ့တူတယ်လို့ မှတ်ထားတာ။ ဒီမှာကျတော့ မင်းကို ချစ်တယ် မှာ ဘာလို့ を မသုံးဘဲ が သုံးရတာလဲဟင်။ နောက် တခြား ၀ါကျတော်တော်များများမှလည်း အဲဒီ အသုံး၂ခုကို မကွဲဘူး။ အထူးသဖြင့် ဂ ကိုသိပ်နားမလည်ဘူး။
(အလုပ်ရှုပ်နေရင် အားမှဖြေပါ။ မေးရတာ အားနာပါတယ်။ ဂျပန်ကို လည်လည်သွားဖို့ အစီအစဉ်လဲ မရှိဘူး။ အပျော်သက်သက် လေ့လာနေမိတာပါ။)
November 14, 2008 6:57 AM
အဲဒီလိုလေး ရေးသွားခဲ့ပါတယ်... အဲဒါကို ကျမကလည်း Comment မှာ အောက်ပါအတိုင်းပြန်ရေးထားခဲ့ပါတယ်။
ဝါ၀ါခိုင်မင်း said...
ဟုတ်ကဲ့ပါ ( ကို )Secret ရေ...
ကျမအဆင်ပြေတာနဲ့ ပို့စ်လေးတစ်ခုအဖြစ်ရေးပြီးဖြေပေးပါမယ်ရှင်.
ကျေးဇူးပြုပြီး လိပ်စာလေးတော့ပေးထားစေချင်ပါတယ်ရှင်။
ပို့စ်ရေးပြီးရင် အကြောင်းကြားပေးချင်လို့ပါ။
လလည်တာကျေးဇူးတင်ပါတယ်ရှင်။
ကျေးဇူးတင်စွာဖြင့်
ဝါ၀ါခိုင်မင်း
November 14, 2008 5:29 PM
သူက ကျမရေးထားတဲ့ Comment လေးကိုပြန်လာဖတ်ဖြစ်ခဲ့ပြီး ကျမဆီကိုမေးလ်ပို့လာပါတယ်ရှင်။ မေးလ်ကိုတော့မဖော်ပြတော့ပါဘူး။သူမေးလ်က နာမည်အရင်းသုံးထားတာမို့ Secret နာမည်နဲ့ရေးသွားခြင်းဖြစ်ပါတယ်တဲ့။
ဟုတ်ကဲ့ပါ ကိုညီညီ ရေ..... ကိုညီညီမေးထားတာလေးတွေကို ကျမ တတ်နိုင်သလောက်ဖြေကြားပေးသွားပါမယ်နော်။ တကယ်တော့ ကျမက ဂျပန်စာသင်တဲ့ ဆရာမ မဟုတ်တာကြောင့် အကျယ်တ၀င့်ကြီးရှင်းပြပြီး မရေးချင်ပါဘူးရှင်၊ ကျမရဲ့ ဂျပန်စာကိုစိတ်ဝင်စားတဲ့ မောင်နှမလေးတွေ အတွက် ကျမ ဂျပန်မှာရှိတုန်း သူတို့လေးတွေကို စာလာဖတ်ရင်း တစ်လုံးမှတ်မိမိ ၊ နှစ်လုံးမှတ်မိမိ အပျော်သဘောနဲ့ စကားပြောလေးတွေပဲ သက်သက်တင်ပြပေးခဲ့တာပါရှင်။ ကျမကလည်း နိုင်ငံပေါင်းစုံက စကားတွေကို စိတ်ဝင်စားပါတယ်. ပို့စ်လေးတွေလည်ဖတ်ရင်းနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးပြီးအသုံးများတဲ့ စကားလုံးလေးတွေကို မှတ်သားလေ့လာမိပါတယ်ရှင်။
ဥပမာ... ခပ်ပွန်းခပ် ( ကျေးဇူးတင်ပါတယ်) ထိုင်းစကား
ဘာလရှိုရယ် စပါဆီဘာ ( အရမ်းပဲ ကျေးဇူးတင်ပါတယ်) ရုရှားစကား
ရှဲ့ရှဲ့ (ကျေးဇူးတင်ပါတယ် ) တရုတ်စကား
အဲဒါလေးတွေကို ကျမမှတ်မိနေခဲ့ပါတယ်။ အဲလိုပဲ ကျမလိုပဲ ကျမရဲ့မောင်နှမတွေကို တစ်လုံးတတ်တတ် နှစ်လုံးတတ်တတ် ရစေချင်တဲ့ စေတနာနဲ့ပါ။ တကယ်တော့ နိုင်ငံခြားသားတွေရဲ့ အသံထွက်ကို မြန်မာလိုပြန်ပြီးရေးရတာမှာလဲ အခက်အခဲ အများကြီးရှိပါတယ်ရှင်။ အတတ်နိုင်ဆုံးတော့ ကိုယ်အသံထွက်နေတဲ့ အသံနီးပါးတူအောင်တော့ မြန်မာလို ရေးပြထားခြင်းတွေပဲဖြစ်ပါတယ်ရှင်။
ကိုညီညီပြောတဲ့ を (wo/အို-လို့အသံထွက်ရပါတယ်) နဲ့ が ( ga) တို့ရဲ့ ခြားနားတဲ့ အသုံးကို ကျမသိသလောက်ပြောပြရရင်တော့ ......
をဟာ ကံပြပုဒ်ပါ။ မြန်မာစာမှာ ကို..အား..ဆိုတဲ့အသုံးနဲ့တူပါတယ်။ ပြုလုပ်ခြင်းကြိယာတွေနဲ့တွဲသုံးပါတယ်။
Suika o tabemasu
စုအိခ အို တဘဲမတ်စ်
ဖရဲသီးကိုစားသည်။
が ကကတ္တားကိုအထူးပြုပါတယ်။ ပိုပြီးလေးနက်ထူးခြားအောင်သုံးချင်တဲ့အခါ (wa) အစားသုံးပါတယ်။
ဥပမာအားဖြင့်....
kore wa watashi ga yarimasu.
ဒါကိုကျွန်မလုပ်လိုက်ပါ့မယ်။
ရှိသည်ဆိုတဲ့အဓိပ္ပါယ်နဲ့လည်းသုံးပါတယ်။
Koko ni hon ga arimasu .
ခိုခို နိ ဟွန်း ဂ အာရိမတ်စ်
ဒီမှာ စာအုပ်က ရှိနေသည်။
watashi ni wa hitori no musume ga imasu/gozaimasu.
ဝါတာရှီနီဝ မုစုမဲဂ အီမတ်စ်၊ ဂိုဇိုင်းမတ်စ်။
ကျွန်မမှာသမီးလေးတစ်ယောက်ရှိပါတယ်။
(Ga ) ရဲ့နောက်အသုံးတစ်ခုကတော့၊ ကြိုက်တာမကြိုက်တာ၊ ကျွမ်းကျင်တာမကျွမ်းကျင်တာ၊ ကောင်းတာမကောင်းတာ စတဲ့ စကားလုံးတွေနဲ့တွဲသုံးတာဖြစ်ပါတယ်။
watashi wa suika ga suki desu
ဝါတာရှီဝ စုအိခ ဂ စုခိဒက်စ်
ကျွန်မသည်ဖရဲသီးကြိုက်သည်။
Khin Khin San wa nihon go ga jozu desu.
ခင်ခင်စံ ၀ နိဟွန်းဂို ဂ ဂျောဇု ဒက်စ်
မခင်ခင် သည် ဂျပန်စကားကျွမ်းကျင်ပါသည်။
Yamadasan wa me ga warui desu.
ယမဒစံ ၀ မဲ က ၀ါရုအိ ဒက်စ်
မစ္စတာယမဒ သည် မျက်စိ မကောင်းပါ။
**********************************
ကဲ.. ဒီလောက်ဆိုရင် ကိုညီညီ ရဲ့ မေးခွန်းလေး အတွက် ကျေနပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်နော်။
ဒီပို့စ်လေးဟာ ကျမတတ်သလောက်ကလေးရှင်းပြထားတာပါ ၊ ကျမထက် ပိုသိ ပိုတတ်တဲ့သူတွေက ဒီပို့စ်လေးကိုဖတ်မိလို့ ပိုကောင်းတဲ့ အကြံဥာဏ်လေးတွေ ပေးစရာရှိခဲ့ရင် ရေးပေးသွားကြပါလို့ ၀မ်းသာစွာနဲ့ ဖိတ်ခေါ်ပါရစေနော်။
အဆင်ပြေပါစေ။
*****************************************
ကဲ..ဂျပန်စာ လာဖတ်ကြတဲ့ မောင်လေး ၊ညီမလေးတွေအတွက်လည်း ဂျပန်စာနဲနဲ တင်ပြပေးလိုက်ဦးမယ်နော်။
Yoo koso irasshaimashita.
ယိုးခိုစို အိရရှိုင်းအိမရှိတ
ကြွရောက်လာခြင်းကို လှိုက်လှဲစွာကြိုဆိုပါ၏။
Dozo oagari kudasai.
ဒိုးဇို အိုအဂရိ ကုဒါဆိုင်း
ကျေးဇူးပြုပြီး သုံးဆောင်ပါရှင် / ခင်ဗျာ
Itadakimasu.
အိတဒခိမတ်စ်
သုံးဆောင်ပါတော့မယ်ရှင်/ ခင်ဗျာ
(တစ်ခုခုစားမည့်အခါ မစားခင် အိတဒခိမတ်စ် ဟုပြောပြီးစားရသည်။)
Gochisoo sama deshita.
ဂိုချိစိုးဆမ ဒဲရှိတ
ကျွေးမွေးခဲ့သည့်အတွက်များစွာကျေးဇူးတင်ပါတယ်။
Onaka ga suita.
အိုနခ ဂ စုအိတ
ဗိုက်ဆာပြီ.
Chotto omachi kudasai.
ချော့တို အိုမချိ ကုဒါဆိုင်း
ခဏလေးစောင့်ပါဦးရှင်/ ခင်ဗျာ။
Odaiji ni
အိုဒိုင်းဂျိနိ
ကျန်းမာရေးကိုဂရုစိုက်ပါ။
Omedeto gozaimasu.
အိုမဲဒဲတို ဂိုဇိုင်းမတ်စ်
မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေရှင်/ ခင်ဗျာ
***************************
တဆက်တည်း မှာပဲ ဂျပန်သင်ခန်းစာအကြောင်းလေးရေးရင်းနဲ့ ဂျပန်မလေးတွေ ပုံကို မောင်လေးတွေကို ပြချင်လို့ ပြီးခဲ့တဲ့ စနေနေ့က ဦးဥာဏ် MEGURO မြို့ က Yukano junior high school ကိုသွားပြီး မြန်မာပြည်အကြောင်း သွားရောက်ဟောပြောခဲ့ပါတယ်။ ဦးဥာဏ်က အဲဒီလို တစ်နှစ်ကို ၂ခါလောက်သွားရတယ်လေ။ မြန်မာပြည်အကြောင်း ဗဟုသုတတွေ ဖြန့်ဝေပေးတာပေါ့။ အလယ်တန်းကျောင်းသူတွေ ကိုသွားရောက်ဟောပြောရတာပါ။ နောက်ပြီး ဦးဥာဏ် က ဂျပန်အလယ်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာတွေ မကြာခဏ volunteer လိုက်သင်ပေးခဲ့ရတယ်လေ။အဲဒါလေးတွေကို ပို့စ်ရေးဖို့ပြောခဲ့ပေမယ့် ဦးဥာဏ်က ဓါတ်ပုံတွေပြရမှာ ရှက်စရာကြီးတဲ့လေ။ ပို့စ်မတင်ခဲ့ဘူး။ ဟတ်ဟတ် .. အခု ကျမ က ဦးဥာဏ် ကျောင်းသွားနေတုန်း ဦးဥာဏ် နဲ့ (၇)တန်းကျောင်းသူဂျပန်မလေးတွေ ရိုက်ထားတဲ့ ပုံကို တိတ်တိတ်လေး တင်ပေးလိုက်တယ်နော်..ဟဟ ..သွားမပြောကြနဲ့ဦး။ ဂျပန်မလေးတစ်ယောက် ချောလို့လေ။ အဟီး
ပျော်ရွှင်ကြပါစေ...
အားလုံးကိုလေးစားခင်မင်လျှက်
ဝါ၀ါခိုင်မင်း
ဒီနေ့ပျင်းနေတယ် စာရေးဘို့လေ။း)
မအိပ်ချင်သေးတာနဲ့ မောင်လေးတွေ ဂျပန်မလေးတွေကို ပြောဘို့ အထူးအရေးပါတဲ့
ဂျပန်စကား နဲနဲသင်ပေးလိုက်မယ်နော်။ :P
愛
あい
Ai
အအိ
ချစ်မေတ္တာ
愛してる。
あいしてる。
Ai Shiteru.
အအိရှိတဲရု
ချစ်ခင်နှစ်သက်သည်။
好き
すき
Suki
စုခိ
ကြိုက်နှစ်သက်သော
あなた が 好き です。
Anata ga suki desu.
အနတ ဂ စုခိဒက်စ်
မင်းကိုချစ်တယ်။
さよなら 大好きな 人。
さよなら だいすきな ひと。
Sayonara Daisukina Hito.
ဆာယိုနာရ ဒိုင်းစုခိနဟိတို
နှုတ်ဆက်ပါတယ် သိပ်ချစ်ရသောသူရေ...
***************************************
ကဲ..ဒီလောက်လေးပဲနော်. ပျင်းလို့ အပျင်းပြေ တင်ပေးလိုက်တာ။
ကောင်မလေးတွေကိုလျှောက် မပြောနဲ့ဦး။
ပြဿနာဖြစ်လျှင် တာဝန်မယူပါ။ :P
ခင်မင်စွာနဲ့
မမ၀ါ
မင်္ဂလာပါရှင်။
နားဦးမယ်လို့ စဉ်းစားမိပေမယ့် သမီးလေးနဲ့ စာကျက်ပြီး အားသွားပြန်တော့ ကွန်ပြူတာရှေ့ ရောက်
လာတာပေါ့ရှင်။ ဧည်သည်တွေလာလည်နေတာကို ကြည့်ပြီး ပို့စ်အသစ်မတင်နိုင်လို့ အားနာနေခဲ့
တာလေ။ ပြီးတော့ ညီမ မစ်(စ်)သွန်းသွန်း ကို ဂျပန်စာ grammer အကြောင်းပို့စ်လေးတင်ပေးဖို့ပြော
ထားတာနဲ့ရေးလိုက်ပြန်ပါပြီ။ ( ဟဲဟဲ..ရေးချင်လွန်းလို့ အကြောင်းပြရတာပါ ရှင်)
မြန်မာတွေက ဂျပန်စာသင်ရင် အတတ်မြန်ကြပါတယ်။ ဘာလို့လဲဆိုတော့၊ ဂျပန်စာသဒ္ဒါနဲ့မြန်မာစာ
သဒ္ဒါအတူတူဖြစ်ပြီး၊ ကြိယာတွဲလေးတွေသုံးတာမျိုးကအစ သွားဆင်နေလို့ဘဲဖြစ်ပါတယ်ရှင်။ စကားလုံးလေးတွေအလွတ်ရသွားရင် စာကြောင်းဝါကျဖွဲ့ဖို့မခဲယဉ်းတော့ပါဘူး။
ဥပမာဝါကျလေးတွေရေးပြပါမယ်နော်။
私 は ミャンマー 人 です。
watashi- wa- Myanmar- jin- desu.
ဝါတာရှီ- ၀- မြန်မာ- ဂျင်း- ဒက်(စ်)
ကျွန်မ- ဟာ- မြန်မာ- လူမျိုး- ဖြစ်ပါတယ်။
(သိပ်ယဉ်ကျေးအောင်ပြောတဲ့အခါ ဒက်စု.. လို့အသံထွက်တတ်ကြပါတယ်)
私 は ミャンマー から 来ました(まいりました)。
watashi -wa-Myanmar-kara- kimashita (mairimashita).
ဝါတာရှီ -၀- မြန်မာ- ကရ- ခီမတ်ရှတ (မိုင်းရိမရှိတ)
ကျွန်မ- ဟာ- မြန်မာပြည်- က- လာခဲ့ပါတယ်။ (ပိုယဉ်ကျေးတဲ့အသုံးအနှုံး)
時計 は 机 の 上 に あります。
tokei- wa- tsukue- no- ue- ni- arimasu.
တိုခဲ- ၀- စုခုအဲ -နို- အုအဲ -နီ- အရိမတ်(စ်)
နာရီ -က- စားပွဲ- ရဲ့- အပေါ်- မှာ- ရှိပါတယ်။
日 曜日 に どこ へ 行きますか?
nichi -youbi- ni- doko- e- ikimasu- ka?
နိချိ- ယိုးဘီ- နိ- ဒိုကို- အဲ- အိခိမတ်စ်-က?
တနင်္ဂနွေ- နေ့- မှာ- ဘယ်- ကို-သွား- မလဲ။
(present tense-ပစ္စုပ္ပန် နဲ့ future tense အနာဂတ် Verb form ကြိယာပုံစံ အတူတူသုံးတာ မြန်မာစာနဲ့ထပ်တူသွားတူနေပါတယ်)
シンがポール へ 買い物 に 行きます。
shingapouru- e- kaimono- ni- ikimasu.
ရှင်ဂပိုးရု- အဲ- ခိုင်မိုနို- နီ - အိခိမတ်စ်
စင်ကာပူ -ကို- ဈေးဝယ်- ဖို့- သွားမယ်။
(ဂျပန်စကားမှာ စင်ဆိုတဲ့အသံမရှိလို့ ရှင် လို့ဂျပန်မှုပြုပြီးထွက်ပါတယ်။ စင်ဒရဲလားဆို ရှင်ဒရဲလား..တဲ့)
お友達 たち は 私 の ブログ に 毎日 遊びに来て くれますね。
otomodachi- tachi - wa- watashi- no- burogu- ni- mainichi- asobinikite- kuremasu-ne.
အိုတိုမိုဒါချီ- တာချီ- ၀- ၀ါတာရှီ- နို- ဘုရိုဂု- နီ- မိုင်းနိချိ- အဆိုဘိနီခီတဲ- ခုရဲမတ်စ်- နဲ
သူငယ်ချင်း- တွေ- ဟာ- ကျွန်မ- ရဲ့- ဘလော့ဂ်- ကို- နေ့တိုင်း- လာလည်- ပေးကြတယ် - နော်။
朝 早く 起き て 顔 を 洗わないで パソコン を 先に 開きます。
asa -hayaku- oki- te- kao- wo- arawanaide- pasokon -wo- sakini- hirakimasu.
အစ- ဟယခု- အိုခိ- တဲ -ခအို- အို- အရ၀နိုင်းဒဲ- ပါဆိုကွန်- အို- စခိနိ- ဟိရခိမတ်စ်။
မနက်- စောစော- ထ- ပြီး- မျက်နှာ- ကို- မသစ်ဘဲ- ကွန်ပြူတာ- ကို- အရင်- ဖွင့်ပါတယ်။
ဒါလေးတွေကအခြေခံသဒ္ဒါနမူနာလေးတွေပါ။ မြန်မာစာနဲ့သဒ္ဒါအတူတူဘဲဆိုတာတွေ့ကြမှာပါ။ ကျွန်မအခု ပေးထားတဲ့ဥပမာတွေက သိပ်မရင်းနှီးသူတွေ၊ ဆရာတွေလူကြီးသူမတွေကို ပြောတဲ့အခါပြောတဲ့ သာမန်ယဉ်ကျေးတဲ့အသုံးအနှုံးတွေပါ။ ဒီထက်ပိုယဉ်ကျေးတဲ့အသုံးအနှုံးတွေရှိပါသေးတယ်။ရင်းနှီးတဲ့သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင်အချင်းချင်း၊ သာမန်စကားပြောမှာသုံးတဲ့ကြိယာပုံစံကတမျိုးပါ။ ကြိယာပုံစံနဲ့အတွဲစာလုံးတွေကွာသွားပါတယ်။ကျွန်မက ဂျပန်စာဆရာမမဟုတ်တော့ ကိုယ်သိသလောက်ဘဲပြန်ဝေမျှခြင်းဖြစ်ပါတယ်ရှင်။
ကျွန်မရေးထားဖူးတဲ့ ဂျပန်သင်ခန်းစာလေးတွေကို ပြန်ဖတ်ချင်ရင် ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်ရှင်။
မင်္ဂလာပါရှင်..
ကျမလည်းစိတ်ရှုတ်ရှုတ် ရှိနေတာနဲ့ ပို့စ်အသစ်မရေးဖြစ်ဘူး...
ဒီနေ့တော့ ကျမ ကတိပေးထားတဲ့အတိုင်း ဒီတစ်ပတ်အတွက် ဂျပန်စကားပြောသင်ခန်းစာ အပိုင်း.၃ ကိုရေး
လိုက်ပါတယ်ရှင်..
ဒီတစ်ပတ် ဆွေမျိုးသားချင်းတွေအခေါ်ဝေါ်လွယ်တာလေးတွေ ကိုတင်ပြပေးလိုက်ပါတယ်ရှင်....
*******************************************************************
အဖေ
お父さん
Otousan
အိုတိုးစံ
*****************************
အမေ
お母さん
Okaasan
အိုကားစံ
******************************
အမ
お姉さん
Oneesan
အိုနဲစံ
*******************************
အကို
お兄さん
Oniisan
အိုနီးစံ
*******************************
ညီ၊မောင်
弟
Otouto
အိုတိုးတို
*******************************
ညီမ
妹
Imouto
အီမိုးတို
*******************************
သူငယ်ချင်း
友達
tomodachi
တိုမိုဒါချီ
*******************************
ကဲ..ကျမရဲ့မိတ်ဆွေများရှင့် .. ဒီတစ်ပတ်တော့ ဒီလောက်ပါပဲနော်...ဂျပန်စကားပြောလေးတွေ ပြန်ရှာနေရမှာ
စိုးလို့.. အဆက်အစပ်နဲ့ ပြောလို့ ရအောင် တစုတဝေးတည်း ပြန်လည်ဖော်ပြပေးထားပါတယ်ရှင်။
နောက်တစ်ပတ်မှ ပြန်ဆုံကြရအောင်.
( Mata Raishuu .. မတ ရိုင်းရှုး )
Japanese greeting..2 ( ဂျပန် နှုတ်ခွန်းဆက် စကားလေးများ)
konnichiwa (မင်္ဂလာပါရှင်)
ဒီနေ့ ကျမရဲ့ ဂျပန်စကားပြော ပို့စ်လေးကို စိတ်ပါဝင်စားစွာနဲ့ လာရောက်အားပေး
ကြသော မိတ်ဆွေများအတွက် ဂျပန်စကားပြော၂ ကို ရေးလိုက်ပါတယ်နော်။
ဂျပန်စာ မှာ Hiragana (ဟီရဂန) ၊ Katagana ( ခတဂန)၊ Romaji (ရိုမဂျိ)၊နဲ့
Kanji (ခန်းဂျိ) ဆိုပြီး ရေးနည်း အမျိုးမျိုးရှိရာမှာ ကျမ ကမိတ်ဆွေများကိုအလွယ်
ဆုံး Romaji လေးနဲ့ပဲ ဖတ်တတ်ရုံ ၊နားလည်ရုံ အလွယ်သင်ပေးတာပါနော်။
ဒီနေ့တော့ အပေါ်ဆုံးတန်း ကနေ Hiragana လေးနဲ့ ထည့်ရေးပေးမယ်နော်။
စိတ်ဝင်စားရင်လည်း ကြည့် ၊စိတ်မ၀င်စားရင်လည်း မြန်မာလိုရေးထားတာကိုပဲ
ကြည့် မှတ်လိုက်ပေါ့နော်။ :D
はじめまして。
hajimemashite.
ဟဂျိမဲ မရှိတဲ
How do you do?
တွေ့ရတာဝမ်းသာပါတယ် ရှင် / ခင်ဗျာ
ワーワー です。
War War desu. ( ၀ါဝါ နေရာမှာ ကိုယ့်နာမည် ထည့်ပြောပါရှင်)
ဝါ၀ါ ဒက်စ်
My name is War War.
ကျမ ၀ါဝါ ဖြစ်ပါတယ် ရှင်။
どうぞよろしく。
Doozo yoroshiku.
ဒိုးဇို ယိုးရိုးရှိခု
It's nice to meet you.
ありがとうございます。
arigatou gozaimasu.
အရိဂတို ဂိုဇိုင်းမတ်စ်
Thank you.
どういたしまして。
dou..itashimashite.
ဒိုး.. အိတရှိ မရှိတဲ
You are welcome.
じゃまたね。
ja...mata..ne
ဂျားမတနဲ
See you later.
ကဲ ဒီတစ်ပတ်တော့ ဒီလောက်ပါပဲနော်။ ဒီတစ်ပတ် ဒီစာလုံးလေးတွေကိုမှတ်မိသွား
ရင် နောက်တစ်ပတ်ကျရင် ထပ်သင်ကြရအောင်နော်။
အားလုံးပဲ ပျော်ကြပါစေရှင်။
Japanese greeting.. ( ဂျပန် နှုတ်ခွန်းဆက် စကားလေးများ)
မင်္ဂလာပါရှင်...( KONNICHIWA - ခွန်နိချိဝ)
ဒီနေ့ ကျမဘလော့ဂ်လေးကို လာလည်သူ မိတ်ဆွေများကို ဂျပန်နှုတ်ခွန်းဆက်စ
ကားလေးတချို့ သင်ပေးချင်စိတ်၊သိစေချင်စိတ်ကလေးရှိနေလို့ ရေးဖို့စိတ်ကူး
လိုက်မိပါတယ်။( ကျမဘလော့ဂ် ကိုလာလည်သူမိတ်ဆွေတွေက ဂျပန်ပြည်က
အများဆုံးမို့ ဂျပန်မှာနေတဲ့ မိတ်ဆွေတွေအတွက်တော့ မဟုတ်ဘူးနော်၊တခြား
နိုင်ငံမှာ နေကြတဲ့ ကျမရဲ့ ဘလော့ဂ်ဂါမိတ်ဆွေတွေ အတွက်ပါရှင်၊) ဂျပန်မှာ
နေတဲ့သူတွေအတွက်တော့ very easy post ဖြစ်ပါတယ်ရှင်။ :D
HIRAGANA တွေ KATAGANA တွေ မဟုတ်ပဲ..ROMAJI စာလုံးနဲ့ပဲ အလွယ်
ပြောတတ်အောင်၊မှတ်မိလည်းလွယ်အောင် ၄၊၅ လုံးလောက် ပဲ ပြောပြပါ
မယ်နော်...:D
မနက်ပိုင်းမှာတွေ့ရင်.... (OHAYOU GOZAIMASU-အိုဟယိုးဂိုဇိုင်းမတ်စ်)
မင်္ဂလာနံနက်ခင်းပါရှင်/ခင်ဗျာ။
နေ့ခင်းပိုင်းမှာတွေ့ရင်... ( KONNICHIWA- ခွန်နိချိဝ )
မင်္ဂလာပါရှင်/ ခင်ဗျာ။
ညနေပိုင်းမှာတွေ့ရင်...... ( KONBANWA - ခွန်ဘန်ဝ )
မင်္ဂလာညနေခင်းပါရှင်/ ခင်ဗျာ။
ညပိုင်းမှာတွေ့ပြီးခွဲခွါရင်.....( OYASUMINASAI- အိုယာစုမိနာဆိုင်း)
ခွဲခွါရင်နှုတ်ဆက်စကား.....( SAYONARA- ဆာယိုနာရာ)
ဘိုင်းဘိုင်
ကဲ..ဒီနေ့တော့ ဒီငါးလုံးပါပဲရှင်၊ အရင် စာရတဲ့သူကို ဂျပန်မလေး တစ်ယောက်ဆုချ
ပါမယ်..ဓါတ်ပုံကိုပြောတာနော်။ :D ပျော်ကြပါစေ။
(Ps..ကျမရဲ့ မိတ်ဆွေများရှင့်...
ဂျပန်စာ ကို မြန်မာအသံထွက်နဲ့ရေးရ သည်မှာနဲနဲ အခက်အခဲရှိပါတယ်ရှင်။
ဒါပေမယ့် ကျမတတ်နိုင်သလောက် တူအောင် ကြိုးစားပြီးရေးပေးသွားမည်
ဖြစ်ပါကြောင်း ၊အမှားရှိ ရင်ခွင့်လွတ်ကြပါရန် နဲ့ မိတ်ဆွေများအတွက်အပျော်
သဘောသင်ခန်းစာလေးများ သက်သက်သာဖြစ်ပါကြောင်း။
စိတ်ဝင်စား အားပေးကြတဲ့အတွက် ဆက်လက် ရေးသားပေးမည်ဖြစ်ပါကြောင်း။
ကျေးဇူးတင်ပါတယ်ရှင်။)
မင်္ဂလာပါရှင်...
ဂျပန်စကားပြောလေးတွေလည်း မသင်ပေးရတာ ကြာပါပြီ..
ကျမကိုယ်တိုင်လည်း စာသင်ရမှာပျင်းနေလို့ ဂျပန်စာသင်ကျောင်းကို မရောက်တာ ကြာခဲ့ပါပြီ။ :D
ဒီနေ့တော့ ကျမ စကားလုံးလေးတွေ အရင်ရေးပြမယ်နော်.......
ဥပမာလည်း ရေးပြပါမယ်.... ကိုယ်နဲ့ သက်ဆိုင်တဲ့ စကားလုံးလေးတွေကိုရွေးပြီး စာကြောင်းတစ်ကြောင်းစီ ရေးသွားကြည့်ကြပါနော်...
ကိုယ်နဲ့ သက်ဆိုင်တဲ့စကားလုံးမပါလဲ ဥပမာဖြစ်ဖြစ် တစ်ကြောင်းလောက် ရေးတတ်အောင်ပေါ့နော်...
ဂျပန်အသံထွက်တွေကိုတော့ အနီးစပ်ဆုံးတူအောင် ကျမရေးပြထားပါတယ်.....
Watashi ( ၀တရှိ) - ကျွန်တော် ၊ ကျွန်မ
Anata (အနတ) - ခင်ဗျား ၊ သင် ၊ရှင် ။
Kare ( ခရဲ) - သူ
Kanojo (ခနိုဂျော) -သူမ
Sensei (ဆဲန်းဆေး)- ဆရာ
Gakusei (ဂခုဆေး) -ကျောင်းသား
Otoko (အိုတိုးခို) - ယောင်္ကျားလေး
Onna (အွန်းန) - မိန်းကလေး
wa ( ၀ ) - သည်။
nanjin ( နန်းဂျင်း) - ဘာလူမျိုး
Myanmarjin ( မြန်မာဂျင်း) - မြန်မာလူမျိုး
isha ( အိရှ) - ဆရာဝန်
haisha (ဟအိရှ) - သွားဆရာဝန်
kangofu (ခန်းဂိုဖု) - သူနာပြုဆရာမ
enjinia( engineer) - အင်ဂျင်နီယာ
gishi ( ဂိရှိ) - အင်ဂျင်နီယာ
kyooshi ( ကျောရှိ) - ကျောင်းဆရာ
danyuu ( ဒန်းယူး) - ရုပ်ရှင်မင်းသား
joyuu ( ဂျောယူး ) - ရုပ်ရှင်မင်းသမီး
gaka ( ဂခ) - ပန်းချီဆရာ
San (စံ ) - မစ္စတာ ၊ မစ္စ ၊ မာစတာ ၊ ဦး ၊ဒေါ် ၊ ကို ၊ မ
desu ( ဒက်စ်) - ဖြစ်ပါသည် ။
desu ka? ( ဒက်စ်က ) - ဖြစ်ပါသလား။
hai ( ဟိုက်) - ဟုတ်ကဲ့
iie (အီအဲ့) - ဟင့်အင်း
********************************************
ဥပမာ ၁.... ကျွန်တော် သည် ဆရာ ဖြစ်ပါသည်။
Watashi wa sensei desu .
( ၀တရှိ ၀ ဆဲန်းဆေး ဒက်စ်)
**********************************************
ဥပမာ ၂.... သင် သည် ဆရာဝန် ဖြစ်ပါသလား။
Anata wa 0isha san desu ka ?
( အနတ ၀ အိုအိရှ စံ ဒက်စ် က )
( သူများကိုမေးရင် ယဉ်ကျေးမှုနဲ့ san ဆိုတဲ့ “ ဦး ၊ ဒေါ် ၊ မ ၊ ကို ” စကားလုံးကို နောက်က ထည့်ပေးရပါမယ်.)
အဖြေ...... hai , watashi wa isha desu . ( ဆရာဝန် တစ်ယောက်ဖြစ်ရင် )
( ဟိုက် ၀တရှိ ၀ အိရှ ဒက်စ် )
ဟုတ်ကဲ့ ကျတော် / ကျမ သည် ဆရာဝန် ဖြစ်ပါသည်။
အဖြေ..... iie , watashi wa isha dewa arimasen . ( ဆရာဝန် မဟုတ်ရင် )
( အီအဲ့ ၀တရှိ ၀ အိရှ ဒဲဝ အရိမဆင်းန် )
ဟင့်အင်း ကျတော် ၊ ကျမ သည် ဆရာဝန် မဟုတ်ပါ။
**********************************************
ဥပမာ....၃. သင် သည် ဘာလူမျိုး ဖြစ်ပါသလဲ ။
Anata wa nanjin desu ka?
( အနတ ၀ နန်းဂျင်း ဒက်စ် က )
အဖြေ..... ကျတော် ၊ ကျမ သည် မြန်မာလူမျိုး ဖြစ်ပါသည်။
Watashi wa myanmarjin desu .
ဝတရှိ ၀ မြန်မာဂျင်း ဒက်စ်
ဂျပန်စကားပြောဟာ ကျမတို့ မြန်မာစကားပြောပုံနဲ့ တော်တော်လေးကို တူတာမို့ စကားလုံး အဓိပ္ပါယ် များများ သိနေရင် ပြောရတာ သိပ်မခက်ပါဘူးရှင်....
ကဲ... ဂျပန် စကားပြော စိတ်ဝင်စားတဲ့သူတွေအတွက် ပို့စ်မတင်ဖြစ်တာ တော်တော်လေးကြာသွားပြီမို့ ရေးဖြစ်လိုက်ပါတယ်နော်..
( Ps.ကျမ က ဂျပန်စကားပြောဆရာမတစ်ယောက် မဟုတ်တာကြောင့် မြန်မာလိုအသံထွက်ရေးတဲ့နေရာမှာ နဲနဲ အမှားအယွင်း ရှိနေနိုင်ပါတယ်. သင်ပေးတာ မဟုတ်ဖူးနော်... တတ်စေချင်လို့ မျှဝေပေးတာပါ။ နောက်မှ နဲနဲ ခက်တာ ထပ်ရေးပေးမယ်နော်..)း)
အဆင်ပြေပျော်ရွှင်ကြပါစေ.
ရေးသားသူ ငြိမ်သက် at 9:04 AM 1 ထွေရာလေးပါး
အမျိုးအစား ဂျပန်စကားပြော (Posted by ၀ါဝါမောင်)
ကျနော် ခင်မင်ခွင့်ရခဲ့တဲ့ စကားလုံးတွေကို စကားပြောလာအောင် စွမ်းဆောင်နိုင်သော သူတွေထဲက တယောက်ဆိုပါတော့။ အခုတော့ သူ့ ပရိတ်သတ်ကို အနုပညာတွေ တစုတစည်းထဲ တင်ပြနိုင်ဖို့ ကဗျာပန်းခင်းလေးတခု ဖန်ဆင်းနေပါပြီ ဆိုတာ ဒီစာမျက်နှာမှတဆင့် သတင်းကောင်းပေးလိုက်ပါရစေခင်ဗျာ။
"ကျွန်"
ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိ
သူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်
ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ။
ခုတော့
ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင်
ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ 
မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ 
မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့
မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ 
အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့
သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးက
အကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်
ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။ ။
ကောင်းကင်ကို
ရေးသားသူ ငြိမ်သက် at 8:02 AM 0 ထွေရာလေးပါး
အမျိုးအစား ကြော်ငြာ
ပြည်ထောင်စုနေ့
"ဖေဖော်ဝါရီလ ၁၂ ရက်"
ဓါးမဦးချ
ဘိုးဘွားအမွေအနှစ်
ပြည်ချစ်မြေကို
သာတူညီမျှ
ဒင်းတို့လည်းမကျန်ခဲ့ရလေအောင်
....မသိတော့ဘူးဗျာ
ပင်လုံရယ်...
ဒို့ညီအကိုတွေနှစ် ၇၀ကျော်
စိတ်ဝမ်းကွဲခဲ့တဲ့ဒီခဏကို
မျက်နှာအို လူညိုအချင်းချင်း
တွေ့ဆုံဆွေးနွေးနိုင်ခြင်းနဲ့
သမိုင်းသစ်မော်ကွန်းတင်နိုင်ပါစေလို့
ပိုင်ရှင်ပျောက်ဆုံးခဲ့တဲ့ ဖိနပ်တွေ
မီးတင်ရှို့ခံခဲ့ရသော ရွာဟောင်းနေရာတွေ
စာသင်ခန်းမှပေါက်ဖွားခဲ့ကြသော
ယူနီဖောင်းတွေကရော...
အတူတူဆိုပါရင်လေ
ကဲ...မိတ်ဆွေ
ပကာသနတွေဖြုတ်
ရိုးသားစွာ ပြည်သူလုပ်ရင်း
ရွှေပြည်သစ်ဆီသို့
ရေးသားသူ ငြိမ်သက် at 7:59 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
၁၃ ဖေဖော်ဝါရီ ...တချိန်ကသူ

ရိုးရိုးသားသားနဲ့ ချစ်စရာကောင်းခဲ့တဲ့ ပြည်ချစ်သားမွန် စစ်ရည်ချွန်ကြီးရဲ့ ကဗျာမဆန်ပေမယ့်...နုညံ့ရှင်းသန့်ခဲ့သော
ဘဝတွေထဲက ...
ရေးသားသူ ငြိမ်သက် at 7:46 AM 0 ထွေရာလေးပါး
အမျိုးအစား ဗိုလ်ချုပ်အောင်ဆန်း
အနားမှာရှိတယ်
သူငယ်ချင်း နေမျိုးနွယ်လေးက ခဏခဏ MP3 နဲ့ဖွင့်ပြလို့ ရင်းနှီးနေတဲ့ သီချင်းလေးတပုဒ်ပါ
အစကတော့ သံစဉ်နားထောင်ကောင်းလို့...နားထောင်တာမျိုးပါပဲ
အခုတော့...အဓိပ္ပါယ်ကိုပါသိချင်လာတာနဲ့မဝါကို Lyric အကူအညီတောင်းပြီး ပြန်လည်ဝေငှတာပါ
သီချင်းကလေးနဲ့ စာသားတွဲနားထောင်ပြီးလို့ ကျေးဇူးတင်ချင်ရင်တော့
ဝါဝါခိုင်မင်း
မဝါ...ဂျပန်ဖောင့် နဲ့ ဘာသာပြန်သီချင်းစာသားအတွက် အရိဂတို ဂိုဇိုင်းမတ်စ်
そばにいるね
I'LL BE BY YOUR SIDE
あなたのこと 私は今でも思い続けているよ
Even now, I’m still thinking of you
いくら時流れて行こうと I’m by your side baby いつでも
Don’t matter how long it takes I’M BY YOUR SIDE BABY at any time
So. どんなに離れていようと
SO. However far apart we are
心の中ではいつでも一緒にいるけど 寂しいんだよ
In my heart, we’ll always be together But I’m so lonely
So baby please ただ hurry back home
SO BABY PLEASE just HURRY BACK HOME
Baby boy あたしはここにいるよ どこもいかずに待ってるよ
BABY BOY I’ll be right here Won’t go anywhere, I’ll be waiting for you
You know dat I love you だからこそ 心配しなくていいんだよ
YOU KNOW DAT I LOVE YOU So there’s no need for you to worry
どんなに遠くにいても変わらないよこの心
No matter the distance, this heart of mine won’t change
言いたい事わかるでしょ?
You know what I’m trying to say, right?
あなたのこと待ってるよ
I’m waiting for you
[SoulJa]
んなことよりお前の方は元気か? ちゃんと飯食ってるか?
Before anything else… How have you been? Have you been eating properly?
ちくしょう、やっぱ言えねぇや
Damn, I still can’t come up with what to say
また今度送るよ 俺からのLetter
Guess~ I’ll just send it another time This letter of mine
[青山テルマ]
過ぎ去った時は戻せないけれど 近くにいてくれた君が恋しいの
But I can’t return to what might have been Come back close to me, you’re the one I’m yearning for
だけど あなたとの距離が遠くなる程に 忙しくみせていた
But You are already far away from me So I’m trying to keep myself occupied
あたし逃げてたの
It’s my only form of escape
だけど 日を閉じる時 眠ろうとする時 逃げきれないよ あなたの事
However Everytime I close my eyes And when I fall asleep I could never run away From you
思い出しては 一人泣いてたの
(The memory of you) I reminisce And cry by myself
あなたのこと 私は今でも思い続けているよ
Even now, I’m still thinking of you
いくら時流れて行こうと I’m by your side baby いつでも
Don’t matter how long it takes I’M BY YOUR SIDE BABY at any time
So. どんなに離れていようと
SO. However far apart we are
心の中ではいつでも一緒にいるけど 寂しいんだよ
In my heart, we’ll always be together But I’m so lonely
So baby please ただ hurry back home
SO BABY PLEASE just HURRY BACK HOME
Baby boy あたしはここにいるよ どこもいかずに待ってるよ
BABY BOY I’ll be right here Won’t go anywhere, I’ll be waiting for you
You know dat I love you だからこそ 心配しなくていいんだよ
YOU KNOW DAT I LOVE YOU So there’s no need for you to worry
どんなに遠くにいても変わらないよこの心
No matter the distance, this heart of mine won’t change
言いたい事わかるでしょ?
You know what I’m trying to say, right?
あなたのこと待ってるよ
I’m waiting for you
[SoulJa]
不器用な俺 遠くにいる君
I was stupid And now you’re far from me
伝えたい気持ちそのまま言えずに 君は行っちまった
I wanted to tell you my feelings didn’t change (But) You were already gone
今じゃ残された君はアルバムの中
Now all I have left of you is inside this album
[青山テルマ]
アルバムの中 納めた思い出の 意味より何気ないひと時が今じゃ恋しいの
Inside this album I’ve kept all the memories of you Now I’m yearning for all the times I’ve spent with you
(君のぬくもり)
(Your warmth)
And now あなたからの電話待ち続けていた 携帯握りしめながら 眠りに就いた
AND NOW I’m still waiting for your call Handclasped on the cell phone Even as I fall asleep
(抱きしめてやりたい)
(I want to hold you tight)
どこもいかないよ ここにいるけれど 見つめ合いたいあなたのその瞳
I won’t go anywhere I’ll only be right here I just want to gaze and stare at your eyes
ねえ分かるでしょ 私待ってるよ
You already know, right? I’ll be waiting
Baby boy あたしはここにいるよ どこもいかずに待ってるよ
BABY BOY I’ll be right here Won’t go anywhere, I’ll be waiting for you
You know dat I love you だからこそ 心配しなくていいんだよ
YOU KNOW DAT I LOVE YOU So there’s no need for you to worry
どんなに遠くにいても変わらないよこの心
No matter the distance, this heart of mine won’t change
言いたい事わかるでしょ?
You know what I’m trying to say, right?
あなたのこと待ってるよ
I’m waiting for you
[SoulJa]
俺はどこも行かないよ ここにいるけれど 探し続けるあなたの顔
I won’t go anywhere Although I’m here I’m still looking for your face
Your 笑顔 今でも触れそうだって思いながら手を伸ばせば 君は
YOUR smile Even now, I still feel the touch of a hand reaching out It’s you
あなたのこと 私は今でも思い続けているよ
Even now, I’m still thinking of you
いくら時流れて行こうと I’m by your side baby いつでも
Don’t matter how long it takes I’M BY YOUR SIDE BABY at any time
So. どんなに離れていようと
SO. However far apart we are
心の中ではいつでも一緒にいるけど 寂しいんだよ
In my heart, we’ll always be together But I’m so lonely
SO BABY PLEASE just HURRY BACK HOME
あなたのこと 私は今でも思い続けているよ
Even now, I’m still thinking of you
いくら時流れて行こうと I’m by your side baby いつでも
Don’t matter how long it takes I’M BY YOUR SIDE BABY at any time
So. どんなに離れていようと
SO. However far apart we are
心の中ではいつでも一緒にいるけど 寂しいんだよ
In my heart, we’ll always be together But I’m so lonely
So baby please ただ hurry back home
SO BABY PLEASE just HURRY BACK HOME
[Thelma Aoyama]
Anata no koto (wata)shi wa ima demo omoitsudzukete iruyo
Ikura toki nagareteyukou to I’M BY YOUR SIDE BABY itsudemo
SO. donna ni hanarete iyou to
Kokoro no naka dewa itsudemo isshoni iru kedo samishiin dayo
SO BABY PLEASE tada HURRY BACK HOME
BABY BOY atashi wa koko ni iruyo doko mo ikazu ni matteruyo
YOU KNOW DAT I LOVE YOU dakara koso shinpai shinak(u)te iindayo
Donna ni tooku ni itemo kawaranaiyo kono kokoro
Iitai koto wakaru desho?
Anata no koto matteru yo
[SoulJa]
Nna koto yori omae no hou wa genki ka? chanto meshikutteru ka?
Chikusho, yappa ieneeya
Mata kondo okuruyo ore kara no LETTER
[Thelma Aoyama]
Sugisatta toki wa modosenai keredo chikaku ni itekureta kimi ga koishii no
Dakedo anata to no kyori ga tooku naru hodo ni isogashi kumisete ita
Atashi nigeteta no
Dakedo me wo tojiru toki nemurou tosuru toki nigekirena iyo anata no koto
Omoi dashite wa hitori naitetano
Anata no koto (wata)shi wa ima demo omoitsudzukete iruyo
Ikura toki nagareteyukou to I’M BY YOUR SIDE BABY itsudemo
SO. donna ni hanarete iyou to
Kokoro no naka dewa itsudemo isshoni iru kedo samishiin dayo
SO BABY PLEASE tada HURRY BACK HOME
BABY BOY atashi wa koko ni iruyo doko mo ikazu ni matteruyo
YOU KNOW DAT I LOVE YOU dakara koso shinpai shinak(u)te iindayo
Donna ni tooku ni itemo kawaranaiyo kono kokoro
Iitai koto wakaru desho?
Anata no koto matteru yo
[SoulJa]
Bukiyouna ore tooku ni iru kimi
Tsutaetai kimochi sonomama iezuni kimi wa icchimatta
Ima ja nokosareta kimi wa ALBUM no naka
[Thelma Aoyama]
ALBUM no naka osameta omoide no
Hibi yori nanigenai hitotoki ga ima ja koishii no
('SoulJa' kimi no nukumori)
AND NOW anata kara no denwa machi tsudzukete ita
Keitai nigirishime nagara nemuri ni tsuita
('SoulJa' dakishimete yaritai)
Atashi wa doko mo ikanaiyo koko ni iru keredo
Mitsume aitai anata no sono hitomi
Ne~ wakaru desho? atashi matteruyo
BABY BOY atashi wa koko ni iruyo doko mo ikazu ni matteruyo
YOU KNOW DAT I LOVE YOU dakara koso shinpai shinak(u)te iindayo
Donna ni tooku ni itemo kawaranaiyo kono kokoro
Iitai koto wakaru desho?
Anata no koto matteru yo
[SoulJa]
Ore wa doko mo ikanaiyo koko ni iru keredo sagashi tsudzukeru anata no kao
YOUR egao ima demo sawaresou datte omoi nagara
Te wo nobaseba kimi wa
Anata no koto (wata)shi wa ima demo omoitsudzukete iruyo
Ikura toki nagareteyukou to I’M BY YOUR SIDE BABY itsudemo
SO. donna ni hanarete iyou to
Kokoro no naka dewa itsudemo isshoni iru kedo samishiin dayo
SO BABY PLEASE tada HURRY BACK HOME
Anata no koto (wata)shi wa ima demo omoitsudzukete iruyo
Ikura toki nagareteyukou to I’M BY YOUR SIDE BABY itsudemo
SO. donna ni hanarete iyou to
Kokoro no naka dewa itsudemo isshoni iru kedo samishiin dayo
SO BABY PLEASE tada HURRY BACK HOME
ရေးသားသူ ငြိမ်သက် at 7:37 AM 0 ထွေရာလေးပါး
အမျိုးအစား သီချင်း
ကဗျာစပ်ရင်း Tag ကြွေးရှင်းရအောင်
မအားမလပ်ကြရင်တော့...ခွင့်လွှတ်ကြပါဗျို့
အလိုက်ကမ်းဆိုးမသိ Tagမိတဲ့အတွက်ကိုပေါ့
ဘာရယ်တော့မဟုတ်ပါဘူး
ကဗျာရေးမလို့ စဉ်းစားလိုက်တာ ခေါင်းစဉ်တခုပဲ ရလိုက်သတဲ့
ကျော်မကောင်းကြားမကောင်းဗျာ...
ဥာဏ်နည်းသူ ဒီငနဲကို ကူကြပါအုန်းလို့...အကူအညီတောင်းရင်း Tagလိုက်တယ်ဗျို့
ငြိမ်သက်ကတော့ ကလောင်ရှင် နေရာအား အနစ်နာခံ တာဝန်ယူရေးသားမည် ဖြစ်ပါကြောင်း....ဟီးရမလားလို့ နောက်တာ
မန့်ရင်းနဲ့ ရေးပေးခဲ့ကြပါရန်
လေးစားစွာဖြင့်....ငြိမ်သက်
"ရင်ခွင်လျှော့ဈေး"
တစ်လောကလုံးမှာ
တစ်ယောက်တည်းလို့
ချစ်ခဲ့မိတဲ့ငါ့အချစ်မှာ
ရယူမှုကင်းလို့
ပေးဆပ်ခြင်းသာပျော်ဝင်ခဲ့တာ
တကယ်လို့များ ဒီရင်ခွင်ကို
ငဲ့မကြည့်လို့ လှည့်ထွက်တော့မယ်ဆို
ချစ်သူရယ် နင်ရက်စက်နိုင်ပါတယ် (အိပ်မက် နိဒါန်း)
လွမ်းဆွေးခြင်းတွေ နင် ထားခဲ့လည်း
ငါ့ရင်ခွင်တံခါးကို
နင့်ပြန်လာမယ့် တနေ့ထိ
ဖွင့်ထားမယ်... (ဟန်လင်းထွန်း)
ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့ (မောင်မျိုး)ညီမျိုး
ချစ်သူရေ
လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ....
ကြည်နုးခွင့်မရှိတဲ့ ဘ၀မှာ
ကဗျာတွေပဲ ထိုင်ရေးနေမိတယ်
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့....
ဆိုးလိုက်တဲ့ မိုး
အညှိုးလည်း မထားချင်တော့ပါဘူး
ငါ့ဘ၀ပေါ်မှ ကွက်ကျားရွာရတယ်လို့ ......
အဖြေညှိမရတဲ့ ပုစ္ဆာတွေကြားမှာ
မသိကိန်းတွေ များလွန်းတဲ့ စာမျက်နှာတွေ
တန်ဖိုးဆိုတာ ငါမသိချင်တော့ပါဘူး ...
အရိုးသားဆုံးဝန်ခံရရင်
ငါ မင်းကို သိပ်ချစ်တယ် ... (မိုးသောက်)
“နင့် ခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီးကာမှ နေခဲ့ပါဆိုတော့
အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
ဟောဒီ ရင်ခွင်အခန်းလေးကို
သူငယ်ချင်းလေးလို ဖြစ်ဖြစ်
ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
သတိရတယ် ဆိုရင်
နင့်မှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်…“(လင်းဒီပ)
အခုတော့…
ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့
မလိုင်စကားလုံးတွေကတောင် နင့်ဆုံးဖြတ်ချက်ကို မနိုင်တော့ဘူးပေါ့။
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကိုတောင် လည်ပတ်စေနိုင်ခဲ့တဲ့ လက်နက်
မေတ္တာတရားကို နင်ဖြောင့်အောင် ဖတ်တတ်တဲ့တစ်နေ့ 
လက်ဆောင်တွေသိမ်းပိုက်ဖို့ ငါ့ဆီကို ပြန်လာခဲ့ပါ။
မျက်စောင်းလေး တစ်ချက်ချိတ်
နင့် ခေါင်းလေး တစ်ချက်ညိတ် လိုက်ရုံနဲ့ 
ကမ္ဘာတစ်ခုလုံး ပေးလိုက်မယ်။
နင့်အတွက်ဆို ငါ့ရင်ခွင်ဟာ
ရာသီမရွေး…
လျှော့ဈေး ။ ။အကောင်းဆုံး ဘလော့ခ်(ကဗျာ)ဆုရှင် ကောင်းကင်ကို
တယောက်တလက် ရိုင်းပင်းကူညီ ဟန်ချက်ချက်ညီညီဖြင့် နှလုံးသားမှ စကားစုတွေနှင့် ဒီကဗျာလေးအား စာပန်းချီခြယ်မှုန်း
ပေးခဲ့ကြသော ဘလောခ့်ဂါ ညီအကိုမောင်နှမ များအား ကျေးဇူးအထူးတင်ရှိပါကြောင်း...
ခင်မင်စွာဖြင့်....ငြိမ်သက်
ရေးသားသူ ငြိမ်သက် at 7:23 AM 0 ထွေရာလေးပါး
အမျိုးအစား Tag
သံယောဇဉ် ခရေပင်တန်း

အမှတ်တမဲ့(၁)
မိုးရွာလျှင် ပျော်သည်၊ စိတ်ပျော်သည်။ မိုးအေးအေး ကလေးဖြင့် ကွေးနေရလျှင် ပို၍ပျော်သည်၊ အိပ်ပျော်သည်။ "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" "ဒေါင်" ကမ္ဘာ့အကြီးဆုံး နူးကလီးယား အသံနက်ဗုံး ၁လုံးကို အိမ်ရှိ တိုင်ကပ်နာရီစုတ်ကြီးက မွေးထုတ်ပေးလိုက်သည်။ အပျော်များ ရာသီဥတု မကောင်းသည့်ကြားက ဟိုးမိုးကုတ်စက်ဝိုင်း ဆီသို့ အလုအယက် ပျံသန်းသွားကြပြီ။ ကစဉ်ကလျား ပွင့်သွားသော မျက်ဝန်းအစုံကို အနီရောင် မဟုတ်သော ပြက္ခဒိန်၏ ရက် ၁ ရက်က ကြိုလင့်နေ၏။...သွားပါပြီ...ဒီမနက် ကျောင်းတက်ရ ဦးမည်။ ဒီနေ့ ကျောင်းတွင် အတန်းခေါင်းဆောင် နှင့် တာဝန်ခံ ၂ ဦးရွေးရန် ရှိသည်။ မိုးကား စဲနေလေပြီ သို့သော် ကျောင်းမတက်ချင်။(ငြိမ်သက်)
ငြိမ်သက်ခြင်း မရှိသော ကမ္ဘာကြီးကို စိတ်ပျက်မိ၏။ ထို့ထက် ငြိမ်သက် ဆိုသော သတ္တ၀ါကို ပို၍ စိတ်ပျက်သည်။ ဒီကောင် လာပြီး ပတ်သက်တိုင်း ကျနော့် ကမ္ဘာပျက် တော့သည်။ အရာရာတိုင်း အနိုင်လိုချင်သည်မှာ ကျနော့် အားနည်းချက်၊ ဒါကို သိနေသည်က ဒီကောင့် အားသာချက် ကဲ...ကံကြမ္မာ ဘာများတတ်နိုင် မလဲဗျာ။ ပြီးခဲ့သည့် အပတ် သောကြာနေ့ ကလည်း ဒီကောင် လူလည်လုပ် သွားသည်။ ကျနော့် ကို စိန်ခေါ်ခြင်း အချွန်နဲ့ မခဲ့ပြီး တဖက်တွင် ၁တန်းလုံးကို ကျနော့်အား မဲပေးရန် စည်းရုံးသွားသည်။ ဘာအကြံအစည် မှန်းတော့မသိ၊ မျက်ခုံးတော့ ခပ်လှုပ်လှုပ် ပင်။ ဒီကောင် အမြဲတန်း အရှုံးပေးပြီး အနိုင်ယူတတ်သည်က များ၏။အင်း...ဒီအတိုင်းဆို အတန်းခေါင်းဆောင်ဖြစ်မှာ ကျိန်းသေ နေပြီ သို့သော် စိတ်ပျက်မိ၏။ ငြိမ်သက် ဇာတ်မှာ မင်းသား ဖြစ်သောကြောင့်...(မင်းလုလင်)
သဲသဲမဲမဲ ရွာသွန်းနေသော မိုးစက်မှုန်များကြားသို့ သူမ၏ စိတ်အစဉ် ဖြန့်ကျက် နေမိသည်။ ဒီနေ့ သူမတို့ အခန်းထဲတွင် အတန်းခေါင်းဆောင် နှင့် တာဝန်ခံ ၂ ဦးရွေးရန် ရှိသည်။ ကျောင်းသူခေါင်းဆောင် လုပ်ရန် ဆန္ဒပြင်းပြလျက် ရှိသည်၊ သူငယ်ချင်း အများကလည်း ထောက်ခံကြသည်။ မသေချာတဲ့ လောကကြီးမှာ ကန့်ကွက်မဲမရှိ အနိုင်ရချင်သည်မှာ လူသားဆန်လွန်းခြင်းကြောင့်ဟု သူမ ထင်၏။ ဘာပဲဖြစ်ဖြစ် မိမိကိုယ်ကို ယုံကြည်သည်။ အလှဆုံး၊ အယဉ်ဆုံး ပြင်ဆင်ကာ ကျောင်းစောစော သွားရမည်။ ခေါင်းဆောင်ကောင်း တယောက် ဖြစ်ချင်လှ၏။ အမှန်ဆိုလျှင်ဖြင့် အနည်းငယ်တော့ စိတ်လှုပ်ရှားလျက်...(တင့်ကွန်းခို)
အမှတ်တမဲ့(၂)
မိုးဖွဲလေးများ အောက်တွင်အမိကျောင်းတော်ကြီး ခန့်ညားစွာ သက်ဝင်လှုပ်ရှားလျက် ရှိ၏။ တူညီဝတ်စုံ ဆင်မြန်းကာ သွားလာလှုပ်ရှားနေသော ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ နှင့် စိမ်းစိုလန်းဆန်းနေသော ၀န်းကျင်ကို ယှဉ်တွဲတွေ့မြင်ရသည်မှာ ကျက်သရေ ရှိလှပေသည်။ အချိန်ကား ကုန်လျက်၊ နာရီကား တရွေ့ရွေ့သွားလျက်..."ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်" "ကလင်"၊ "ကလင်"
၉ နာရီထိုး ကျောင်းတက်ခဲ့လေပြီ။
"ကဲ...သားတို့၊သမီးတို့ရေ အတန်းခေါင်းဆောင်နဲ့ တာဝန်ခံ ၂ ဦး စရွေးလိုက်ကြရအောင်။ အရင်ဆုံး အတန်းခေါင်းဆောင် ရွေးမယ်၊ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိတယ်နော်။" ဆရာမ စကားအဆုံးမှာ ကျောင်းသားများ အားလုံး ၀ရုန်းသုန်းကား မဲပေးကြတော့သည်။အဖြေကား ထောက်ခံမဲ ၅၈ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် ကျနော်မင်းလုက အတန်းခေါင်းဆောင် ဖြစ်သွားခဲ့သည်။ ကန့်ကွက်မဲ မရှိဖြင့် ကျောင်းသားတာဝန်ခံ အဖြစ် ငြိမ်သက်၊ ထောက်ခံမဲ ၅၉ မဲ၊ ကန့်ကွက်မဲ ၁ မဲဖြင့် ကျောင်းသူတာဝန်ခံ အဖြစ် တင့်ကွန်းခို ရရှိခဲ့သည်။ နည်းလှစွာသော ကန့်ကွက်မဲပိုင်ရှင်များကို ၁ ခန်းလုံး စိတ်ဝင်စားလျက် ရှိသည်။
I T ခေတ်ဦးပိုင်း ပေမယ့် မီဒီယာများ ကောင်းလွန်းလှသည်။ ၃ မိနစ်အတွင်း မဲရှင်များကို သိရ၏။ အတန်းခေါင်းဆောင် အတွက် ကန့်ကွက်မဲ ပေးသူမှာ ကျနော် ကိုယ်တိုင် နှင့် ငြိမ်သက် ဖြစ်ပြီး၊ ကျောင်းသူ တာဝန်ခံ အား ကန့်ကွက်မဲ ပေးသူမှာလည်း ငြိမ်သက် ပင်ဖြစ်သည်။ ဒီအတွက် ငြိမ်သက်၏ ဆင်ခြေကို ၁ ခန်းလုံးထက် ပိုမိုသိချင်နေသူ ၁ ဦးကား... ကျောင်းသူလေး...တင့်ကွန်းခိုပင်။
"ကလင်" "မင်္ဂလာပါကွယ်" "မင်္ဂလာပါ ဆရာမ။ ကျေးဇူးတင်ပါတယ် ဆရာမ"
စာသင်ချိန် အပြောင်းမှာ ပွဲစလေပြီ။
ကျနော်ကိုယ်တိုင် အဖွင့်စကားလေး ချီးမြှင့်ကာ ဖဲကြိုးဖြတ်ပေး လိုက်၏။
"ငြိမ်သက်...မင်းရဲ့ အတွေးအခေါ် နဲ့ ဆုံးဖြတ်ချက် ဖြစ်ပေါ်လာပုံလေးကို ဖြစ်နိုင်မယ်ဆိုရင် ငါ့နောက်တန်းက "အမ"လေး က သိပါရစေတဲ့ "
"မင်း...လု၊ ငါ့ဒေါသတွေ နင့်ကိုပါ ဖြတ်သွား မိလိမ့်မယ်နော်"
ကွန်းခို၏ ဒေါသဖြင့် ဆိုစကား။
အမှတ်တမဲ့(၃)
"မင်းလု ကို ကန့်ကွက်မဲ ပေးတာက စေတနာကို စော်ကားလို့။သူ ငါ့ကို အရွဲ့တိုက်ချင်တာ နဲ့ ငါ့စေတနာ၊ ၁တန်းလုံးရဲ့ စေတနာကိုတွေကို ထည့်မတွက်ပဲ သူ့ကိုယ်သူ ရူးကြောင်ကြောင် ကန့်ကွက်မဲ ထည့်လို့"
"မင်းစေတနာ ကြောက်လွန်းလို့ပါ ငြိမ်သက်ရာ"
"ငါပေးတဲ့ နောက်ကန့်ကွက်မဲ ၁မဲက မရေရာတဲ့ မနက်ဖြန်တိုင်းကို အသေအချာတွက်ကာ ပြင်ဆင်မှုဗလပွနဲ့ ဖြတ်သန်းမယ့် ကွန်းခိုရဲ့ ခေါင်းဆောင်မှုအောက်က ကျောင်းသူလေးတွေရဲ့ ဒုက္ခကို စာနာမိလို့ပါ"
ငြိမ်သက်၏ စကားအဆုံး ၁ ခန်းလုံး ရယ်မိလိုက် ကြသည်။ဝိုးတ၀ါး အသံများကြားမှ ငြိမ်သက်၏ ကျောပြင်ကို စူးစိုက်ကြည့်နေသော ဒေါသတွေ၊ မျက်ရည်တွေနှင့် လှသောမျက်နှာလေးတခုကို ပီသစွာ မြင်တွေလိုက်သည်။ စိတ်မကောင်းစွာ သူမ နည်းတူ သူလိုက်၍ ကြည့်မိလိုက်သည်။ "သြော်... ငြိမ်သက်၊ အတော် တွေးရခက်တဲ့ကောင်"
အချိန်ကာလရဲ့ စေစားမှုအရ အမိကျောင်းတော်ကြီးနှင့် တညတာခွဲခွာ ရအုံးမည်။ကျောင်းဆင်းလေပြီ သို့သော် အိမ်မပြန်ရသေး။ မနက်ဖန် ကျင်းပမည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အတွက် အားခြင်းစီစဉ်နေရ၍ ဖြစ်၏။ ၄ နာရီထိုးသည့်တိုင်အောင် မပြီးပြတ်သေး။ ဘယ်အရာမဆို သူများထက်ပိုသာချင်သော ကျွန်တော်နှင့် အရာတိုင်းတွင် သေချာချင်လွန်းသော ကွန်းခို၏ ပြင်ဆင်မှုများက နာရီများကို ပေါ့ပေါ့ပါးပါး တိုက်စားသွားသည်။ ၅ နာရီထိုးသောအခါ ငြိမ်သက် ညစ်နေလေပြီ။ ကွန်းခိုကလည်း ပိုရွဲ့ကာ အေးအေးဆေးဆေး လုပ်ပြနေ၏။ သို့သော် သူတို့နှစ်ဦး အသံမထွက်၊ ကြားက ကျနော်သာ အနေရ ခက်လာသည်။
အမှတ်တမဲ့(၄)
"ကဲ ကွန်းခိုရေ မပြီးပြတ်နိုင်တဲ့ နင့်ရဲ့ပြင်ဆင်မှုတွေကို လက်စသတ်လိုက်တော့ဟာ ၅ နာရီခွဲနေပြီ။"
"မင်းလု"... "နင်နော်... ငြိမ်သက်လေတိုင်း လိုက်မပြောနဲ့"
သူမ ၁ နေ့လုံးထိန်းထားသမျှဒေါသ ပွင့်ကျသွား၏။ ထိန်းသိမ်းခြင်းငှာ မစွမ်းနိုင်တော့။
မရည်ရွယ်ပဲ ကျနော်စကားမှားသွားသည်။ သို့သော်ပြင်ဆင်ချိန်မရလိုက် သူမ မျက်ဝန်းမှ ပါးပြင်တလျှောက် စီးကျလာသော မျက်ရည်များကို မတားစီးနိုင်တော့။
ငိုပါစေ... ငိုပါစေတော့... သူမ ၁ နေ့လုံးထိန်းချုပ်ခဲ့ ရသည်လေ။
အမြန်လက်စသိမ်းကာ အပြီးသက် လိုက်သည်။ သို့သော် သူမငိုဆဲ...
"မင်းလု... ငါကျောင်းထိပ်က စောင့်နေမယ်။ ကွန်းခို နင်ကလည်း ခွင့်လွတ်လိုက်ပါဟာ... မင်းလုက စေတနာနဲ့ပြောတာပါ။ ကဲ.. ကဲ.. နောက်ကလိုက်ခဲ့ကြ "
ပြောချင်ရာပြောပြီး ထွက်သွားသော ငြိမ်သက်စကား အတွက် ကျနော် ဝေခွဲခက်ခဲ့သည်။
"ကွန်းခို နင်ငါ့ကိုစိတ်ဆိုးနေတာလား"
"မင်းလု နင် တော် တော် တုံးတဲ့ အကောင်၊ ငြိမ်သက် ငလည်က သူ့အပြစ်မကျအောင် ငါတို့ကိုရန်လှည့်တိုက်သွားတာ ဟဲ့"
"သြော် ပိုင်ဘကွာ ငြိမ်သက်ရာ"
"ကဲ ...ယောက်ဖကို ချီမွမ်းမနေ နဲ့ ကိုတော် ပြန်ကြမယ်"
ငြူစူစူ မျက်နှာထား နှင့် ပြောပေမယ့် ဒေါသကင်းစင် နေပြီဖြစ်သော ငိုပြီးစ မျက်နှာကလေးကို တွေ့လိုက်ရသည်။ ပျော်မိ၏။ စိတ်ထဲတွင်ထက်မံ ချီမွမ်းလိုက်သည် ငြိမ်သက်တော်၏။
အမြဲရှုတည်တည်နဲ့ နေတတ်ပြီ လိုအပ်မှုပြုံးရယ်လေ့ရှိသော မျက်နှာထား ဖြင့် သူမအား ကျောင်းပေါက်ဝမှ ကြိုလင့်နေသည့် သူငယ်ချင်းဆိုးလေး ငြိမ်သက်။ လက်ထဲမှာလဲ ၀က်သားပေါက်စီလေးလုံးနဲ့ ၊ ဟင်... တတ်လဲတတ်နိုင်တဲ့ ငြိမ်သက်၊ လုပ်ချင်တာလုပ်ပြီးရင် အကြိုက်နဲ့ ချော့တက်သည့် ချစ်စရာ အကျင့်ကောင်းလေး တစ်ခုတော့ရှိ၏။ အော်... ကွန်းခိုချစ်ရပါသည်။
ကွန်းခိုနားမှာ သူခြေစုံလာရပ်ရင်း "မနက်က ငါစတာလွန်သွားရင် ခွင့်လွတ်ပါဟာ နင်တို့ကို မချောမွေ့တက်တဲ့ လောကအကြောင်း အမြည်းပေးရုံလေးပါ"ဟု၊ သူပြုံးစစဆိုလာ၏။
"သွာသေဟာ နင်တို့နှစ်ယောက်ကိုစိတ်ဆိုးလဲ အပိုပဲမို့ ငါ ဘေးမဲ့ပေးထားတာကြာခဲ့ပြီ။ ပေးပေါက်စီ... ငါ ၂ လုံးစားမယ် ငိုးထားရလို့ ဗိုက်ဆာနေပြီ "
အမှတ်တမဲ့(၅)
ဟန်ဆောင်မှုကင်းစွာဖြင့် ပေါက်စီနှစ်လုံးကို တပြိုင်နက် နှစ်ချိုက်စွာစားနေသော သူငယ်ချင်းမလေးကို ငြိမ်သက် မြတ်မြတ်နိုးနိုး ကြည့်နေလိုက်မိသည်။
လှလိုက်တာကွန်းခိုရယ်...သူမပျော်ရင်သူပျော်တတ်ခဲ့ပြီ။
"ရော့ မင်းလု ကောင်းကောင်းစား ၊ ၀က်သားပေါက်စီ ၂ လုံး တပြိုင်နက်စား နင်သေတယ်ဆိုပြီး ကျော်မကောင်းကြားမကောင်းဖြစ်နေမယ်"ဟု ကျနော့်ကို ပေါက်စီကမ်းပေးရင်း သူ ကွန်းခိုအား ကြည်နူးစွာ ထပ်စနေလေသည်။
"ကောင်စုတ်တွေနော်..."
မျက်နှာပြောင်ကာ ပေါက်စီ လှမ်းယူလိုက်သော ကျနော်နှင့် ငြိမ်သက်၏ ကျောပြင်တွေအပေါ် သူမ၏ရှက်ရမ်း လက်သီးနုလေးများ အဆုပ်လိုက်၊ အဆုပ်လိုက် ပွင်ကျလာသည်။ ကျေနပ်စွာခံယူရင်း ပြိုင်တူရယ်မောလိုက်ကြသည်။ သူတို့ သုံးဦး၏ စသံ၊ ဆိုသံ၊ ရယ်သံ ကလေးများနှင့် သင်းပျံသောခရေ ရနံ့ကို သယ်ဆောင်လာသည့် လေပြေညှင်းတို့ ပေါင်းစပ်မိသောအခါ ခရေပင်တန်းရဲ့ဆည်းဆာ အဓိပ္ပါယ် ရှိစွာ လှလိုက်တာ။
အဖြူထည် သူငယ်ချင်းဘ၀ရဲ့ပျော်ရွှင်ဖွယ် နေ့တနေ့ကို ကုန်လွန်ဖြတ်သန်းရင်း အိမ်ပြန်လမ်းခွဲဖို့ တဦးကိုတဦး လက်ပြနှုတ်ဆက်ရလေပြီ။
ရင်ထဲဟာသွားသည်။ ကျင်ခနဲ ကျင်ခနဲ ဖြစ်နေသည်ကိုခံစားရင်း...
ဆန့်ကျင်ဘက်အရပ်ဆီသို့ ဦးတည်သွားနေသော ကျောပြင်နှစ်ခုကို မကြည့်မိအောင် အားတင်းလျှေက်နေမိသည်။ ထိန်းထားသည့်ကြားက ဝေ့လာသော မျက်ရည်များကြောင့် ဦးတည်ဘက်ကေ၀၀ါးဆဲ...
ကဲ... ကံကြမ္မာရယ်၊
ရက်စက်တက်သော လောကဓံကြားက ခဏတာ ရရှိလာသည့် ပျော်ရွင်မှုကလေးများကို သုခ ဟုခေါ်ဆိုပါလျှင်
သြော် မနက်ဖြန်နေထွက်ဖို့တော့ ညမအိပ်ခင် ကြိတ်ဆုတောင်း ရအုံးမည်။
"သားငယ်လုလု ၇ နာရီ ထိုးနေပြီလေ"
ကျနော် အိပ်ရာထ နောက်ကျ သွား၏၊ နိုးနိုးချင်း အပြေးအလွား ကျောင်းသို့ထွက်ခဲ့သည်။
"မင်းလု ရော့ မနေ့က မင်းတို့ဝယ်လို့မရခဲ့တဲ့နှင်းဆီဖြူတွေ၊... စပွဲခင်းတွေကိုလဲ နို့နှစ်ရောင်ဖျော့ဖျော့ကလေးတွေ နဲ့ ခန်းမ တစ်ခုလုံး ၀မ်းကာလာဖြစ်အောင် ငါအပီရှိုင်းထားတယ်။ ပန်းတွေကိုတော့ မင်းကြည့်လုပ်လိုက်တော့။ ငါအိမ်ပြန်ရေချိုးလိုက်အုံးမယ်။ ငါနောက်ကျနေရင် မင်းဆရာမကို ကြည့်ပြောထားလိုက်ပါ၊ မှီအောင်တော့ငါလာခဲ့မယ်။"
သူပြောချင်တာမှာချင်တာတွေ တလစပ် ပြောပြီး ပန်းစည်းများနှင့် ကျနော့်ကိုထားကာ ကသုတ်ကယက် ထွက်သွားသော ငြိမ်သက်။ ဖွင့်ပြောရန် မမှီလိုက်သော ကျေးဇူးတင်စကားတစ်ခွန်း ရင်တွင်ပဲ့တင်ထပ် သွားသည်ကို ပန်းအိုးများပြင်ရင်း ခံစားမိလိုက်၏။
"ကျေးဇူးပဲမင်းလုရယ်
ငါမနေ့ကလိုချင်တဲ့ နှင်းဆီအဖြူတွေတင်မကဘူး၊ ခန်းမတစ်ခုလုံးကို နို့နှစ်ရောင်ဖျော့ဖျော့ စားပွဲခင်းတွေနဲ့ အလှဆင်ထားတဲ့ နင့် အိုက်ဒီယာက အရမ်း ဂွတ်တယ်ဟာ။"
"ပေး ..ပေး..ပန်းတွေ... ငါတို့မိန်းခလေးတွေဆက်လုပ်လိုက်မယ်။ နင်နားလိုက်တော့။"
ခရီးရောက်မဆိုက် ကျေးဇူးတင်စကားဆိုရင်း ပန်းအိုးများယူကာ ဆက်လဲနေသည့် ကွန်းခို၏ မြန်မာဆန်ဆန် အလှများထဲတွင် ကျနော်ခဏတာ ပျော်ဝင်သွားမိ၏။
ကွန်းခိုရယ် မပြည့်စုံသေးတဲ့ နေရောင်အောက်မှာတောင် နင်လက်ရာမြောက်စွာလှလိုက်တာ။
ရေးသားသူ ငြိမ်သက် at 7:09 AM 0 ထွေရာလေးပါး
အမျိုးအစား အခန်းဆက် ဝတ္တုတို
မော်စကိုက လွမ်းပုံပြင်
မော်စကို မှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာလေး တခုပါ
ရုရှား မော်ဒယ်မလေး Natalia Vodianova နဲ့ မြန်မာ စစ်ဗိုလ်လေး တို့ ရဲ့ ရင်ဘတ်ကိစ္စလေး ဆိုပါတော့….ဇာတ်လမ်းက ဒီလို
ရုရှား မော်ဒယ်မလေး Natalia Vodianova အိမ်ထောင်မကျခင်က မြန်မာ စစ်ဗိုလ်လေး တယောက်ကို မော်စကို က Gorky Park မှာမြင်မြင်ချင်း စိတ်ဝင်စားသွားလို့ မိန်းကလေးတို့ ထုံးတမ်းစဉ်လာအရ ဘဲကြောင်ပါသတဲ့။
အဲဒီ….ကြောင်ခံဘဲ…စစ်ဗိုလ်လေးဆိုတာက တပ်မတော်ရဲ့ သဘောထား အမှန်တွေကို သဘောပေါက်ပြီး ကတည်းက Vodka သောက်ပြီး boycott လုပ်နေတဲ့သူ ဖြစ်လေတော့ သူမနဲ့ တွေ့ ချိန်မှာ အရက်နာကျ နေလေရဲ့။
သူမ အရဲစွန့် ပြီး အနားတိုး ကပ်ရှိတ်လိုက်မှ အားပါးပါး…. စစ်ဗိုလ်လေးက ထင်ထားတာထက် အတော်ဖြောင့်ဆိုပဲ။နောက်ပြီး ဒီအချိန်မှာ စစ်ဗိုလ်လေးက စစ်ဓာတ်ကျပြီး မျက်နှာညိုနေလေတော့ သူမ အတော်လေး စိတ်မကောင်းဖြစ်သွားကာ စပြီး "pri`vet, vy govo'rite po russki" မေးလိုက်တော့ "Da" လို့ စစ်ဗိုလ်လေးက ဖြေလိုက်အပြီးကစ ၅မိနစ်အတွင်း သူတို့ မိတ်ဆွေတွေဖြစ် သွားကြသတဲ့။
ခင်မင်သွားတော့ စကြပြောင်ကြ တယ်ပေါ့ဗျာ စစ်ဗိုလ်လေးက "Ya tebyA l yubly U ဆိုတာဘယ်လို အဓိပ္ပယ်လည်းလို့"
ညီခ လို အရူးကွက်နင်းတော့၊ သူမက "Vodka တွေဈေးကျပြီလို့ ပြောတာလို့" ပြန်လှောင်သတဲ့။ဒါပေမယ့် စစ်ဗိုလ်လေး မျက်နှာညိုနေ တုန်းပါပဲ။
နောက်ထပ် သူမက Vodka တလုံးယူလာပြီး ဒါသောက်ပြီးရင် သူမကို၃ခါတိတိပါတ်ပြီး နမ်းမယ်ဆိုမှ တိုက်မယ်လို့ ပြောတော့ စစ်ဗိုလ်လေးက "povto'rite po'zhaluista mne p'lokho s'lyshno " လို့ ပြုံးစစ စကားဆိုကာ ယူသောက်လိုက်သတဲ့။ Vodka တန်ခိုး နဲ့ စစ်ဗိုလ်လေးဟာ အရင်ကထက် ပျော်လာပါသတဲ့။
သူမလည်း စစ်ဗိုလ်လေး ပျော်တာကို ကြည်နူးပြီး ထပ်စလိုက်သတဲ့။
ယူပြောတဲ့ "တပ်မတော်သာ အမိ၊တပ်မတော်သာ အဖ အမှန်ဆိုရင် All of you are supported to be gays." ပေါ့ဆိုတော့ စစ်ဗိုလ်လေး အသံထွက်ကာရယ် လာပါရော။
ဆက်ပြီး…အောင်ဆန်းရဲ့ အနီးကပ်ဆုံး ရန်သူကိုချေမှုန်းကြဆိုတဲ့ ဆိုဒ်ဗါကို အရင်ဆုံးသဘော ပေါက်တာ ဘယ်သူလဲလို့…
သူမကမေးတော့…စစ်ဗိုလ်လေးက မဆိုင်းမတွ ဂုဏ်ယူဝံ့ကြွားစွာဖြင့် "ဗိုလ်မှုး ဗထူး" လို့အဖြေ….သူမက ခေါင်းကိုဟန်
ပါပါလေးခါပြီး အဖြေမှန်က "အုန်းကျော်မြင့်" ပါလို့ပြောလည်း ပြောလိုက်ရော
မောင်မင်းကြီးသား "ဟုတ်ပ၊ဟုတ်ပ" ဆိုပြီး ခွက်ထိုးခွက်လှန် ရယ်ရောဗျာ။
ဒီလိုနဲ့ သူတို့ ၂ယောက် ဆရာ နန္ဒာသိန်းဇံရဲ့ ဝတ္တုထဲက အခြမ်းပျောက်သူတွေလို အရမ်းချစ်သွား ကြပြီး ချစ်စကြင်စ သမရိုးကျ စုံတွဲတွေလို ပန်းခြံထဲက လီယိုတော်စတွိုင်း ရေခဲရုပ်ထု အရှေ့မှာ အပြန်အလှန် သစ္စာပြုကြပါသတဲ့။
အရင်ဆုံး သူမကစပြီး "Vasily Grigoryevich Zaytsev က Soviet ကိုချစ်ခဲ့သလို ချစ်ပမယ်" ဆိုပြီး စစ်ဗိုလ်လေးကို ဒူးကွေးကာ ကိုယ်ကိုကိုင်း၍ နမ်းရင်း သစ္စာဆိုသတဲ့။
ဘယ်ရမလဲ မြန်မာ စစ်ဗိုလ်လေးလည်း ယူနီဖောင်းကိုပြင်၊ဦးထုပ်ကို အကျအနဆောင်း၊ဖိနပ်၊ခါးပါတ်နဲ့ ရွှေကြယ် ကိုချက်(ခ့်)၊ ကြယ်သီး သေချာတပ်ပြီး တော်စတွိုင်းကို အလေးနီပြုရင်း ပြန်လှည်ကာ ဒီလို သစ္စာဆိုပါတယ်။
"မြန်မာ့တပ်မတော်က လူမျိုး၊ဘာသာ၊သာသနာ နှင့် အမိနိုင်ငံတော်အပေါ် ထားရှိသော မေတ္တာမျိုးဖြင့် ထပ်တူထပ်မျှ ချစ်ပ...."
"ဖြောင်း"
"မသာ ခွေးစကား မပြောနဲ့" ဟုဆိုရင်း…လမ်းခွဲလိုက်ကြပါသတဲ့။
ရေးသားသူ ငြိမ်သက် at 7:03 AM 0 ထွေရာလေးပါး
အမျိုးအစား ရယ်စရာ
အနားမှာရှိနေပေးပါ
အနားမှာရှိနေပေးပါ
ပြောချင်တာတွေဘယ်သူ့ကိုမှပြောပြခွင့်မရတဲ့အခါ
အနားမှာရှိနေပေးပါ
ဆန္ဒနဲ့ဘ၀တွေထပ်တူမကျတဲ့အခါ
အနားမှာရှိနေပေးပါ
မာနနဲ့ပတ်ဝန်းကျင်လုံးထွေးကြတဲ့အခါ
အနားမှာရှိနေပေးပါ
အယောင်ဆောင်အလှတရားတွေကြားမှာ
ငါယစ်မူးစွာနစ်မျှောနေတဲ့အခါ
အနားမှာရှိနေပေးပါ
အလိုဆန္ဒတံလျှပ်တွေနောက်
ငါ ကောက်ကောက်ပါတဲ့အခါ
အနားမှာရှိနေပေးပါ
ငါ့ကိုချစ်တဲ့ သူ တွေကိုတောင်
မေ့လျှော့လာတဲ့အခါ
အနားမှာရှိနေပေးပါ
သူငယ်ချင်းဆိုတဲ့ ငွေမာမျိုးကတောင်
အရောင်တွေပြောင်းလဲလာတဲ့အခါ
အနားမှာရှိနေပေးပါ
ငါ့ကိုယ်ငါပြန် မုန်းဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ
ချစ်သူရယ်...နင်ကတောင် မနှစ်မြို့ ချင်ဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ။
ရေးသားသူ ငြိမ်သက် at 6:43 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အိမ်မက်ပါ
"အိမ်မက်ပါ"
ခိုလှုံခဲ့ ဖူးသည့်
ရင်ခွင်ဟောင်း
နမ်းရှိုက်ခဲ့ ဖူးသည့်
ပါးပြင်နု
နှုတ်ခမ်းပေါ်က
အနမ်းများ...
ဒါတွေကို
တက်မက်ဆဲမှာ
ဖျတ်ခနဲဆို
ကိုယ့်နှလုံးသား
ကွဲအက်သွားခဲ့
သြော်...
သူ...လမ်းခွဲသွားရက်ပြီကို ။ ။
ရေးသားသူ ငြိမ်သက် at 6:42 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
အထီးကျန်ည
" အထီးကျန်ည "
ဘဝမှာ
အထီးကျန်ညတွေဆိုတာ
မဆန်းပေမယ့်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
မျှော်မှန်းကြည့်တော့လည်း
အတော်မနီးပါဘူး
စိတ်မညစ်ပေမယ့်
အရိပ်အဖြစ်နဲ့ သိပ်ချစ်ခဲ့သူသာရူး
နှစ်ကိုယ်အတူရှိနေနိုင်ဖို့
မဖြစ်လေတဲ့အဆုံး
မင်းပေးအပ်ဆဲ
ခပ်လွှလွှအငွေ့ အသက်ကလေးကိုပွေ့ဖက်
ကြယ်စင်တွေမြင်တိုင်း
အဓိပ္ပါယ်မဲ့ပြုံးတတ်ခဲ့ရင်း
သန်းခေါင်ကျော်လေတိုင်း
ဂါဂါရယ်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
ရေးသားသူ ငြိမ်သက် at 6:41 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ
မျဉ်းတကြောင်းသော ကြက်ခြေခတ်
"မျဉ်းတကြောင်းသော ကြက်ခြေခတ်"
မခေါ်ပဲနဲ့လာ
မနှင်ဘဲနဲ့ပြန်
နင့်ဘဝရဲ့...
မနက်ဖြန်တိုင်းမှာ
ငါ...,
အရိုင်းဆန်ချင်ဆန်မယ်
ဒါပေမယ့်
ငါ့...မနက်ဖြန်တိုင်းမှာတော့
၀၀၁၀၇
နင်ရှိနေတယ် ။ ။
ဖွင့်မပြောသာခဲ့လို့
ရင်ရဲ့ရိုးရာ
နင်ရောငါပါ
ကိုယ့်နှလုံးသားကိုယ်...
ဟန်ဆောင်ကောင်းခဲ့ကြပေမယ့်
ရှင်းသန့်တဲ့မျက်ဝန်းများကတဆင့်
ချစ်ခြင်းဆိုတဲ့အရာကို
စစ်ကြောမိတော့
ဘယ်သူမပြုမိမိမှု
နင်က...,
ငါ့...အချစ်ဆုံးသူငယ်ချင်းရဲ့
မူပိုင်ရှင်တဲ့
အချစ်နဲ့ စစ်မှာ
မတရားတာ မရှိဘူးဆိုပေမယ့်
သူငယ်ချင်းတွေကြားက
သံယောဇဉ်လေ....,
သစ္စာရှိချင်တဲ့ငါလား...?
ဒါကိုကျော်လွှားနိုင်ခဲ့မှာ
ဖြစ်နိုင်ခွင့်သာရှိမယ်ဆိုရင်လေ...
ငါ့ချစ်ခြင်းကို"သစ်ပင်"အဖြစ်ပုံသွင်းချင်တယ်
ဒါမှလဲလေ...
အကိုင်းချိုးပြီး
နေရာသစ်မှာပြန်လည်စိုက်ပျိုးခွင့်ဆိုတာ...
ဒီလိုနဲ့ပဲ
ကမ္ဘာပေါ်မှာ...မြိုသိပ်ပါများလို့
ဆွံ့အသွားခဲ့ရတဲ့
ကောင်လေးတစ်ယောက်
တခါတခါ
အိမ်မက်တွေထဲမှာ
နင့်နာမည်ကို
အာခေါင်ခြောက်အောင်ယောင်ယောင်ခေါ်ရင်း...
စိတ်အစဉ်က
ဟိုတချိန်...
ဒို့နှစ်ယောက် ခရေပင်တန်းဆီမှာ
အတူတူစိတ်ကူးယဉ်ခဲ့ကြတဲ့
လယ်စောင့်တဲလေးရယ်
ငါနင့်ခေါင်းမှာသိပ်ပန်ပေးချင်ခဲ့တဲ့
ကြာနီတပွင့်၊ဖြူတပွင့်
အခု...,ငါ့မှာ အခွင့်မရှိတော့ပါ
ဒီထက်ပိုဝမ်းနည်းစရာက
အားငယ်တတ်တဲ့နင်
ငိုနေတာကို အနားရှိရက်နဲ့
ငါ...
ဘာကိုမှလုပ်မပေးနိုင်တော့တဲ့"ဘဝ"
စိတ်မရှိပါနဲ့
ဂါဂါ...
ဆရာဝန်တယောက်ရဲ့အလိုအရဆို
ငါ....,
နင်မရောက်ခင် ၁၀ မိနစ်အလိုက
သေဆုံးခဲ့သူပါ ။ ။
မှတ်ချက်။ ။ ၀၀၁၀၇(ထာဝရ)က တာရာမင်းဝေ ဆီကပါ။
ရေးသားသူ ငြိမ်သက် at 6:40 AM 0 ထွေရာလေးပါး
အမျိုးအစား ကဗျာ