" အထီးကျန်ည "
ဘဝမှာ
အထီးကျန်ညတွေဆိုတာ
မဆန်းပေမယ့်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
မျှော်မှန်းကြည့်တော့လည်း
အတော်မနီးပါဘူး
စိတ်မညစ်ပေမယ့်
အရိပ်အဖြစ်နဲ့ သိပ်ချစ်ခဲ့သူသာရူး
နှစ်ကိုယ်အတူရှိနေနိုင်ဖို့
မဖြစ်လေတဲ့အဆုံး
မင်းပေးအပ်ဆဲ
ခပ်လွှလွှအငွေ့ အသက်ကလေးကိုပွေ့ဖက်
ကြယ်စင်တွေမြင်တိုင်း
အဓိပ္ပါယ်မဲ့ပြုံးတတ်ခဲ့ရင်း
သန်းခေါင်ကျော်လေတိုင်း
ဂါဂါရယ်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။
အထီးကျန်ည
Subscribe to:
Post Comments (Atom)
0 ထွေရာလေးပါး:
Post a Comment